ep~~18

10.6K 1K 219
                                    

#Unicode
ဘဝမှာ မျှော်မှန်းထားတာတွေ ချည်းပဲ ဖြစ်မလာတဲ့ အခါ...ဘယ်လိုအရာတွေကိုများ စွဲချက်တင်ပြီး မကျေနပ်ချက်တွေကို တိုင်တန်းခွင့်ရှိနိုင်မလဲ။
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရလာတဲ့ ဘဝကြီးမှာ အရာရာဟာ...​အံဝင်ခွင်ကျဖြစ်မလာတဲ့အခါ..

ဂျီမင့်ဆီက ဖုန်းအဝင်အား လက်ခံရရှိပြီးနောက် ရှင်းရှင်းလင်းလင်းသိလိုက်ရသော အဖြေကြောင့်....ထယ်ယောင်းရဲ့စိတ်တွေ ပျော်ရွှင်သွားမိသည်။
သူခန့်မှန်းထားခဲ့သည့်အတိုင်း...ဆေးစစ်ချက်အဖြေက " တစ် " ရာခိုင်နှုန်းတောင် ကိုက်ညီမှုမရှိဘူးတဲ့လေ။
ဒါ သက်သက် ကျွန်တော်တို့ဘဝ သာယာနေတာကို ဖျက်ဆီးချင်တဲ့သဘော။
ထိုသက်သေစာရွက်အား သွားယူကာ ကျွန်တော်ရယ် ,ဂျောင်ဂုရယ် ....ဟိုအမျိုးသမီးရယ် သုံးပွင့်ဆိုင် ဖြေရှင်းရမည်။
အခုလောလောဆယ် ဂျောင်ဂုက မရှိ..
အလုပ်လျှောက်ထားသည့် နေရာမှ ဖုန်းဆက်ခေါ်၍ သွားတာမို့...ကျွန်တော် အရင်သွားပြီး ဆေးရုံမှာစောင့်နေလိုက်မည်။
ဂျောင်ဂုဆီကိုတော့ ဆေးစာရွက်ယူပြီးမှ ဖုန်းလှမ်းဆက်လိုက်တော့မည်။
ပျော်ရွှင်တက်ကြွသော ခြေလှမ်းတွေက..အမှန်တရားတွေ ရှိနေသည့် အဖြေစာရွက်လေးဆီ....ဦးတည်လျက်ရှိသည်။

.
.
.
.
.
ဒီနေ့ ရောဂါရဲ့ ဆေးစစ်ချက်အဖြေထွက်လာမည့်နေ့မို့...ပတ်ချယ်ယောင်း တစ်ယောက် ဆေးရုံရောက်ရှိလို့နေခဲ့သည်။
မိမိနာမည်အား မခေါ်သေးတာကြောင့်...အခန်းအပြင်ဘက်ရှိ ခုံတန်းလေးတွင် ထိုင်စောင့်နေမိသည်။
ဟိုတလောက အစားတရှောင်ရှောင်ဖြစ်နေပြီး ဗိုက်ခနခနအောင့်နေတာမို့.. ...ဆေးစစ်ကြည့်တော့ အစာအိမ်ရောဂါတဲ့...ကင်ဆာဟုတ်မဟုတ်ဆိုတာကိုတော့ ဓါတ်ခွဲအဖြေရှာကြည့်မှရမှာမို့...ဆေးစစ်ထားခဲ့တာ ဒီနေ့မှ တိတိကျကျသိရမည်လေ။
ဆိုးဝါးလိုက်တဲ့ ကံကြမ္မာက ဘဝပေးအခြေနေတင်မက...လူကိုပါ ဆိုးကျိုးတွေပဲ သက်ရောက်စေခဲ့သည်။
ညငှက်ဖြစ်သည့် သူမက ဇရာအိုနေသော သက်ကျားအိုကြီးတွေရဲ့ အကြိုက်ကို အလိုက်ဆောင်ပြီး တွဲသောက်ရင်း...စွဲခဲ့မိတဲ့ အရက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရပြီလေ။
သေမထူးနေမထူးဘဝဖြစ်နေရင်တောင်.....ဗိုက်ထဲက ရင်သွေးလေးကိုတော့ မထိခိုက်စေချင်ပါ။
ဒီခလေးမှာဘာတွေများ အပြစ်ရှိလို့လဲ။
အပြစ်ရှိတယ်ဆိုရင်တောင် ဒီလိုအမေဗိုက်ထဲ ဝင်စားခဲ့တဲ့...မှားယွင်းတဲ့ အပြစ်တစ်ခုပဲ ရှိလိမ့်မည်။
သူမထက်သာတဲ့ မိသားစုဆီကို သွားမှပေါ့ ခလေးရယ်..
ကမ္ဘာပေါ်မှာ အကြီးမားဆုံးမေတ္တာတရားက....မိခင်မေတ္တာပဲ မဟုတ်ပါလား။

Prologue Of Ending Story (completed )Where stories live. Discover now