ep ~~21

12.7K 1.1K 117
                                    

#Unicode
"yeah....yeah...yeah...you are the cause of my euphoria.."

ရေချိုးရင်း သီချင်းအော်ဆိုနေသည့်ဂျောင်ဂု ဒီနေ့အတော်လေး အူမြူးနေသည်။
အကြောင်းရင်းကတော့ ဒီနေ့အကို့က အိမ်ကို ပြန်လာမှာမို့ပင်။
ကျွန်တော့်ကို ခွင့်လွှတ်လိုက်ပြီး စိတ်ဆိုးပြေ၍ ပြန်လာမှာတော့မဟုတ်။
ဒိီနေ့ ဘူဆန်ကကျွန်တော့်အဖေသည် ကြားသားမိုးကြိုး...ကျွန်တော့်ဆီအလည်လာနေမယ်တဲ့။
သူ့မြေးကိုလွယ်ထားရတဲ့ သားမက်လေးကိုလည်းသူ သေချာတောင်းပန်ချင်တယ်တဲ့လေ။
အရင်က အကိုနဲ့သဘောမတူခဲ့သော အဖေဟာ...အကိုကအသက်နဲ့ရင်းပြီး မြေးဦးလေးကို လွယ်ထားရသည်ဆိုတာကို သိတော့ မာနကို တထစ်လျှော့ပေးခဲ့သည်။
အကိုနဲ့သူ ပြဿနာဖြစ်ပြီး အတူတူမနေဖြစ်တာကို အဖေမသိ။
ဒါကြောင့် အဖေလာမည့်အကြောင်းအားဂျီမင်ဟျောင်းလ်ဆီကို လှမ်းပြောပြရင်း...အကို့ကိုပါ နားချပေးရန် အကူညီတောင်းထားမိသည်။
သူကတော့ အခုရေချိုးပြီးရင် သွားခေါ်လာရုံပင်။
အကိုအိမ်ကို ပြန်ရောက်လာတော့မည်ဆိုတဲ့ အသိက...ဘာနဲ့မှ မလဲနိုင်အောင် ပျော်ရွှင်မိသည်။
အတွေးတွေလွန်နေလိုက်တာ....မြန်မြန်ရေချိုးပြိီးတော့ အကို့ကို သွားခေါ်မှပဲ။
အဖေက ညနေရောက်လာမှာဆိုတော့ စောစောသွားခေါ်ရမယ်။
အကိုရေ ကျွန်တော့်ကို စိတ်ဆိုးနေသေးရင်တောင်မှ အိမ်ပြန်ဖို့ အချိန်တန်ပြီဗျာ...



"မသွားဘူး....ငါမသွားချင်ဘူး.."

ဘူး တစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆောင်ပုဒ်ကို ယခုမှ ကျင့်သုံးနေသော ကိုဗိုက်ပူကြောင့်...ဂျီမင် ခေါင်းသာကုတ်မိတော့သည်။
ဂျောင်ဂု ကခနနေလာခေါ်တော့မည်...သူကသာ အခုထိ ထယ်ယောင်းကို နားချလို့မရနိုင်သေး။
ဒီအကြောတင်းကို သူဘယ်တုန်းကနိုင်ဖူးလို့လဲ..
စိတ်လေတယ်နော် တကယ်ပဲ...

"မင်း ယောက္ခမ လာမှာလေ ထယ်ယောင်းရယ်...အခုမှ အမြင်ကြည်ဖို့ လမ်းစတွေ့လာတာကို...ရောက်ရောက်ချင်း မင်းတို့က ခွဲနေပါတယ်ဆ်ိုရင် ပိုဆိုးကုန်မှာပေါ့..."

"မသိဘူးကွာ....ငါမှမသွားချင်တာ...ဘာလဲ မင်းက ငါ့ကို ဒီမှာမနေစေချင်တော့တာလား.."

Prologue Of Ending Story (completed )Where stories live. Discover now