ep~~20

12.5K 1.1K 112
                                    

#Unicode
ကုန်လွန်သွားသော ပြက္ခဒိန်ပေါ်ကနေ့ရက်တွေနဲ့အတူတူ....လှပသော အမှတ်တရတွေဟာလည်း တစ်စတစ်စဖြင့် မှေးမှိန်လို့သွားခဲ့သည်။
ဒီနေ့ မနက်ခင်း အတော်လေး နောက်ကျမှ ဂျောင်ဂု နိုးလာခဲ့သည်။
ဘဝမှာ ဘယ်တုန်းကမှ မမျှော်လင့်ထားသည့် အရာတွေထဲ....အကိုမပါပဲ နိုးထရမယ့် မနက်ခင်းတွေကို ပိုင်ဆိုင်ရလိမ့်မယ်လို့ မတွေးခဲ့ဖူးတာ အမှန်ပါ။
နံဘေးနားက နေရာလွတ်လေးသည် အကို့အစား...မနက်ခင်းတိုင်း ကျွန်တော့် လွမ်းဆွတ်မှုတွေနဲ့သာ ပြည့်နေခဲ့သည်။
မနက်ခင်း နိုးလာတိုင်း အနမ်းတွေဖြန့်ကျက်ရာ....နှင်းဆီရောင် ပါးမို့မို့တွေကို ကျွန်တော် တကယ်လွမ်းသည်။
နေနိုင်သူကြီးကတော့ ဘယ်သိလိမ့်မလဲ။
ဘယ်လိုပင် တောင်းပန်ခယသော်ငြား..အသည်းမာသူ အကိုက ယတိပြတ်ငြင်းဆန်ကာ ကျွန်တော့်ကို ထားသွားခဲ့သည်မှာ အတော်ကြာခဲ့ပြီလေ။
အကိုနဲ့ အတူတူပျော်ရွှင်စွာရှိနေခဲ့ဖူးသည့် မနက်ခင်းတိုင်းဟာ...အခုတော့ အထီးကျန်လှသည်။
မနက်စာ စားချိန်ရောက်တိုင်း သောက်နေကြဆင်တူခွက်လေးထဲမှတစ်ခွက်သည် အဖော်မဲ့နေတက်သလို .....ကျွန်တော့်သိပ်ကို မြတ်နိုးမိသော လေးထောင့်ဆန်ဆန်အပြုံးတွေလည်း ရှိမနေခဲ့။

လွမ်းဆွတ်မှုကို ဖြေဖျောက်နိုင်သော တစ်ခုတည်းသော နည်းလမ်းက...ဖုန်း screen ပေါ်က ပြုံးနေသော အကို့မျက်နှာ လှလှလေးကို ဖွင့်ကြည့်ခြင်းသာ...
အခုလည်း မနက်ခင်းကော်ဖီသောက်ရင်း ဂျီမင်ဟျောင်းလ်ပို့ပေးသော ပုံတွေကို ကြည့်နေမိသည်။
ဂျီမင်ဟျောင်းလ်ပို့ပေးသော ဓါတ်ပုံတွေထဲကအကိုသည်...ငါးပူတင်းလေးနှယ် လုံးကစ်လေး ဖြစ်နေခဲ့သည်။
ကျွန်တော်တို့နှောင်ကြိုးလေးက တနေ့တခြား ကြီးလာတာမို့....အကိုကဗိုက်ပူလေးဖြစ်လို့နေသည်။
ပြုံးရီနေသော Screen ထက်က အကို့ပါးပါးမို့မို့လေးကိုသာ...လက်လေးနဲ့ဖွဖွထိကြည့်ရင်း...နှလုံးသားက လွမ်းဆွတ်မှုတွေသည် မျက်ရည်စက်တွေအဖြစ် ပါးပေါ်သို့ ကျဆင်းလာ၏။
ယုံကြည်မှုပျက်ကွက်ခဲ့သော ကျွန်တော့်ကို အကိုပေးသော အပြစ်ဒဏ်က....မမွေးရသေးသော ခလေးလေးအပေါ်တာဝန်မဲ့သော ဖခင်တစ်ယောက်အဖြစ် ရှိစေခဲ့သည်။
ချစ်ရသူကို ကြင်နာစွာ ထွေးပွေ့ခွင့်တွေယော,ယုယစွာ နမ်းရှိုက်ခွင့်တွေပါ ပျောက်ဆုံးစေခဲ့ပြီး....အပိုထပ်ဆောင်းအဖြစ် နောင်တဆိုတာ ဘာမှန်းသိအောင်ပါ အကိုက သင်ပေးခဲ့သည်။
ကျွန်တော် ဒီကြားထဲနားလည်လိုက်တာတစ်ခုက အချစ်တွေနဲ့တည်ဆောက်ထားတာ မှန်ပေမယ့်လည်း...ခိုင်မြဲဖို့ဆိုရင်တော့ ယုံကြည်မှု အုတ်မြစ်က ခိုင်ခံ့ရမယ်ဆိုတာကိုပင်။
အကို မရှိသော အိမ်လေးနဲ့ ကျွန်တော့် နှလုံးသားကြား...ကျွန်တော်ကလည်း ဇွဲလျှော့မည်မဟုတ်။
အမြဲလိုလို အကို့အတွက် လိုအပ်တာတွေကို ဂျီမင်ဟျောင်းလ်မှ တဆင့်...ပို့ပေးခဲ့သည်။
ဂျီမင်ဟျောင်းလ်ကတော့ အကိုနဲ့ကျွန်တော့်ကြားထဲက ပေါင်းကူးတံတားလေးသဖွယ်...ကျွန်တော့်အချစ်တွေကို အကို့ဆီလမ်းခင်းပေးခဲ့သည်။
ဂျီမင်ဟျောင်းလ်ကိုလည်း အထူးကျေးဇူးတင်မိပါသည်။
ဂျီမင်ဟျောင်းလ်ကြောင့်သာ အလွမ်းရဲ့တစ်ဝက်လောက်က သက်သာရသည်မည်မဟုတ်ပါလား။

Prologue Of Ending Story (completed )Where stories live. Discover now