ep~~13

9.1K 980 208
                                    

#Unicode
အပြာရောင် ကောင်းကင်ကြီးက ဒီနေ့လည်း တိမ်ကင်းစင်ပြီး လှပနေခဲ့သည်။
ဒီနေ့ဟာ ဂျောင်ဂုရဲ့ မွေးနေ့ဖြစ်သလို....company သို့ အလုပ်သွားသည်မှာလည်း နောက်ဆုံးနေ့ဖြစ်သည်။
ဟိုပြဿနာဖြစ်ပြိီးသည့်နောက်ပိုင်း ထို company မှ ဂျောင်ဂုအလုပ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။
မပြီးပြတ်သေးသော စာရင်းတွေကို လက်စသတ်ပြီး....ဌာနမှုးထံ လွှဲပြောင်းပေးရမည်ယော, နှစ်ကုန်ခါနီး ရောင်းအားတက်နေချိန်မို့ ခနဆိုင်းပေးပါဟု တောင်းဆိုလာသည့် ဌာနမှုးကြောင့် ....အချိန်နှစ်လခန့် ကြာသွားခဲ့သည်။
ဒီကြားထဲ ချယ်ယောင်းကို မတွေ့ဖြစ်အောင် ရှောင်ခဲ့သလို...သူမ ဆက်သွယ်တိုင်းလည်း အကြောင်းပြချက်ရှာ၍သာ ငြင်းထုတ်ခဲ့သည်။
ကျွန်တော် အလုပ်ထွက်လိုက်လျှင် သူမနဲ့လည်း တွေ့စရာအကြောင်း မရှိတော့သလို...အကိုလည်း စိတ်ပူနေစရာမလိုတော့ဘူးလေ။
အလုပ်က ထပ်ရှာဖွေလို့ ရပေမယ့်..
အကိုကတော့ အစားထိုးမရနိုင်သည့် တစ်ယောက်သော သူမို့....အကို ကလွဲ တခြားဘယ်အရာကိုမှ သူမမက်မောချေ။

"ဂျောင်ဂု ...မနက်စာ ရနေပြီနော်.."

မီးဖိုခန်းဘက်ကနေ ပျံ့လွင့်လာသည့် အကို့ အသံခပ်စူးစူးလေး...
ဂျောင်ဂု ညစ်ကျယ်ကျယ်လေးပြုံးကာ တပ်ပြီးသား necktie ကို ပြန်ဆွဲဖြုတ်လိုက်ပြီးနောက်..

"အကို လာအုန်းလေဗျာ...အကိုရေ အကိုလို့..."

"ဘာလဲကွ...ဘာလို့ ကုန်းအော်နေတာလဲ..."

ဟင်းချက်ရင်းတန်းလန်းပြေးလာတာ ထင်ပါရဲ့။
လက်ထဲမှာလည်း ဇွန်းခွက်ကြီးကိုင်လို့ရယ်...

"ဟီးးးးnecktie လေး စည်းပေးပါအုန်း.."

"ရားးးမင်းမှာ လက်မပါလို့လား ...ငါလုပ်လိုက်ရ.."

ဇွန်းခွက်ကြီးကို ရွယ်ရင်း ပြောပေမယ့်...တကယ်တမ်းကျ မခေါက်ပဲ ဘေးသို့ချလိုက်ပြီး လာစည်းပေးသည့် အကိုရယ်...
အေပရွန် တကားကားနဲ့ အကိုပေါက်စဟာ ဘယ်လိုတောင် ချစ်စရာကောင်းလိုက်သလဲ။
Necktie စည်းပေးနေသည့် အကို့ကို ငုံ့ကြည့်ရင်း....
နှင်းဆီရောင် ပါးမို့မို့တွေပေါ်သူ့ကိုယ်ပိုင်အနမ်းဖွဖွ ကို တံဆိပ်ခတ်လိုက်မိ၏။

Prologue Of Ending Story (completed )Where stories live. Discover now