ep~~24

12.2K 1K 133
                                    

#Unicode
မနက်ခင်း စောစောစီးစီး ဂျောင်ဂုရဲ့ အိမ်လေးထဲမှာတော့ ခလေးမြူသံတွေနဲ့ အသက်ဝင်လျက်ရှိသည်။

"ဒယ်ဒီသားလေး...အာ..လေယာဥ်ပျံကြီး လာပါပြီ... "

ဇွန်းထဲမှ လက်ကျန်ထမင်းတစ်ဇွန်းကိုလေထဲတွင် မွှေ့ယမ်းပြီးမှ ခွံ့လေတော့...ပါးစပ်လေးဟပေးသည့် သားငယ်။
ထို့နောက် တမြုံ့မြုံ့ဝါးရင်း လက်ခုပ်လေးတီးကာ ရီမောနေပြန်သည်။
ဂျောင်ဂုမှာတခစ်ခစ် ရီမောနေသည့် သားကိုကြည့်ရင်း အရူးလိုပြုံးမိသေးသည်။
သားဦးအရူး ဆိုတာ ဒီလိုအခြေနေမျိုးပဲကိုး။တနေ့တနေ့ သူ့မှာ ဒီသားလေးကိုပဲ ချစ်မဝနိုင်။
သားကအခု တစ်နှစ်အရွယ်ထဲရောက်နေပြီမို့ အလွန်ချစ်စရာကောင်းလှသည်။
ဒီအရွယ်မရောက်ခင်က သားကိုထိန်းကျောင်းရသည်မှာ အတော်လေး ကသီနိုင်သည်။
သား ဂျီကျသည့် ညတွေဆို ကျွန်တော်ယော အကိုပါ ကောင်းကောင်းမအိပ်ရ။
သားနေမကောင်းသည့်အခါမျိုးတွင် အကိုက အမြဲတငိုငိုလုပ်နေတက်သောကြောင့် အကို့ကိုလည်း ချော့ရပြန်သည်။
ညအိပ်လျှင်လည်း တစ်ယောက်တစ်လှည့်စီ သားကို ထထကြည့်ရင်း...တခါတလေ သားရဲ့အခန်းထဲ ထိုင်လျက်ကြီး အိပ်ခဲ့ရသည့် နေ့တွေလည်းရှိခဲ့သည်။
အခုတော့ အနည်းငယ် အိပ်ပျက်ညတွေနည်းခဲ့ပါပြီ။
ဒီအရွယ်လေးက ခလေးတွေရဲ့ချစ်စရာအကောင်းဆုံး အချိန်ဆိုလည်း မမှားပေ။
မလျှောက်တက်လျှောက်တက်ဖြင့် လမ်းလျှောက်သည့် အခါ...မပီတပီဖြင့် စကားပြောသည့် အခါမျိုးတွင် တအား  အသည်းယားစရာကောင်းလှ၏။
အကို့နဲ့တူသည့် လေးထောင့်အပြုံးတွေကို ကျွန်တော့်ရဲ့ ပါးချိုင့်ခပ်ရေးရေးနဲ့ တန်ဆာဆင်ထားသည့် သားရဲ့အပြုံးလေးတွေက ချစ်စဖွယ်။
အကိုကတော့ ပြောသည်...သားရဲ့မျက်လုံးလေးတွေက ကျွန်တော်နဲ့တူတာတဲ့...အကိုပြောလည်းပြောချင်စရာ....သားရဲ့ မျက်လုံးလေးတွေက ဝိုင်းစက်ပြီး ကြည်တောက်နေသည်မှာ ဖန်သလင်းကျောက်လေးတွေလိုပင်။သားရဲ့ မျက်တောင်လေးတွေက အကို့လိုစင်းမနေပဲ ကော့တက်နေသည်ကမျက်လုံးလေးကို ပို၍ တောက်ပစေသည်။
နှာတံလေးကဖြောင့်စင်းနေပြီး ကကြီးပုံနှုတ်ခမ်းလေးက ပါးလျပ်လျပ်လေး။
ကျွန်တော်နဲ့အကို့ကို တစ်ဝက်စီမျှမျှတတပေါင်းထားသော သားရဲ့မျက်နှာလေးအား...မြင်သူတိုင်း ချစ်ကြသည်လေ။
အားးးးကျန်သေးတယ် ကျွန်တော်ချစ်တဲ့ အကို့ရဲ့ နားရွက်ကားကားလေးလိုမျိုး သားဆီမှာ တစ်ပုံစံတည်း ပါရှိသေးသည်။

Prologue Of Ending Story (completed )Where stories live. Discover now