#Unicode
လေနုအေးတွေ တိုက်ခတ်လျက်ရှိသော ညနေခင်းလေးက သာသာယာယာ။
သီချင်းသံခပ်တိုးတိုးပျံ့လွင့်နေသော အအေးဆိုင်အတွင်း၌....စကားတစ်စုံတစ်ရာမျှ မဆိုမိပဲ မျက်နှာချင်းဆိုင် ထိုင်နေသော သူနှစ်ယောက်။
တစ်ယောက်က ဂျွန်ဂျောင်ဂု ဖြစ်ပြီး....နောက်တစ်ယောက်က ပတ်ခ်ချယ်ယောင်း။
နှစ်ဦးသား မှာထားသည့် အအေးခွက်တွေ ရောက်လာသည့်တိုင်...အခုထိစကားတစ်ခွန်းမျှမဆ်ိုရသေး။"ပြောလေ..ဂျောင်ဂု ငါနဲ့ ဘာလို့ တွေ့ချင်တာလဲ.."
အအေးငုံ့သောက်နေသည့် ဂျောင်ဂုက အေးစက်စက် မျက်ဝန်းတွေဖြင့် သူမကို မော့ကြည့်လာသည်....
အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူကာ....သူမရှေ့သို့တွန်းပို့လာသည့် အရာက အာထရာဆောင်း ဓါတ်ပုံလေး...."ဒီကိစ္စအတွက် လာခဲ့တာပဲ..."
"အော်...ဒါလား....."
"အဲ့ ဓါတ်ပုံကို ဘာကြောင့် ထည့်ပေးလိုက်ရတာလဲ..."
"နင်နဲ့ဆိုင်တဲ့ကိစ္စမို့..နင်သိအောင် ထည့်ပေးလိုက်တာလေ..ဘာလဲ မဟုတ်မှလွဲရော ထယ်ယောင်း တွေ့သွားလို့လား..."
မထီမဲ့မြင် ပုံစံဖြင့် ပြောနေသော ချယ်ယောင်းသည် အရင်တုန်းက ကျွန်တော်သိသော ချယ်ယောင်းနဲ့လုံးဝ မသက်ဆိုင်သလို ပြောင်းလဲလို့နေခဲ့သည်။
"နင် ဘာလို့ ဒီလိုပြောင်းလဲသွားရတာလဲ...နင်အရင်က ဒီလိုမျိုး မဟုတ်ဘူးလေ..."
"အဟွန်း...လူပဲဟ..အခြေနေနဲ့စိတ်ဒဏ်ရာပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာပဲလေ...ပြီးတော့ အဲ့ညကို နင်လက်မခံလည်း....နင်နဲ့ငါမှားခဲ့ကြတယ်ဆိုတာ ဒါကသက်သေလေ..."
လက်သည်းချွန်တွေဖြင့် ဓါတ်ပုံပေါ်ကို တဒေါက်ဒေါက်မြည်အောင် ခေါက်ရင်း...မဲ့ပြုံးပြုံးနေသည့် သူမ။
"ငါ မယုံဘူး...ရှင်းရှင်းပဲ ပြောမယ်..ငါ့ ခလေးဆိုရင်တောင် နင်မမွေးနဲ့.. ဖျက် ချ လိုက်..."
"တောက်ခ်.....နင် ဘာစကားပြောလိုက်တာလဲ...ဒါက လူတစ်ယောက်ပြောရမယ့် စကားလား...တိရစ္ဆာန်တွေတောင် သူတို့သားသမီးကို ချစ်တက်ကြတယ်...ပြိီးတော့ ငါက မိခင်ဖြစ်လာမယ့်သူပါ...ဒီလိုစကားပြောတာ နည်းနည်းတော့ လွန်တယ်မထင်ဘူးလား..."
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜