🔇 silence_5🔇

23.9K 2.4K 18
                                    


ကျွန်တော်အခန်းထဲ၌ ကောင်လေးအသံကြား၍ ငူငူကြီးဖြစ်နေတုန်း အခွင့်ကောင်းယူကာပြေးထွက်သွားတဲ့ကောင်လေးကို လမ်းဆွဲဖို့ရာအချိန်မမှီလိုက်

ကျွန်တော်အနောက်ကလိုက်မည်အပြု အခန်းရှေ့၌နမ်ဂျွန်နဲ့အသံကြားသည်နှင့် တံခါးနားအသာကပ်ခါနားထောင်မိသည်

အဟက် ကောင်လေးအဟန်ဆောင်တော့ကောင်းသာ ကျွန်တော်နားထောင်နေတဲ့တစ်လျှောက်လုံး သူ့အသံတစိုးတစိမှထွက်မလာခဲ့ နမ်ဂျွန်အသံကြီးသာ

ကျွန်တော် သဘောကျစွာတစ်ချက်အပြုံးမမည်သည့်အပြုံးတစ်ခုကိုဖန်တီးရင် ကောင်လေးအသံက နာထဲတဖန်ဝင်လာခဲ့တယ်

*ရပ် ...ရပ်ပေးပါ*

ကောင်လေးက ရုပ်ကလေးတင်ချစ်စရာကောင်းတာမဟုတ်ဘူးပဲ အသံလေးကပါချစ်စရာကောင်းတာ

ကျွန်တော် သူတို့ပြန်အလာကို ဧည့်ခန်းရှေ့၌ထိုင်စောင့်ရင် တော်တော်ကြာတော့မြှပန်ရောက်လာကြသည်

နမ်ဂျွန်နောက်မှကုတ်ကုတ် ကုတ်ကုတ်ဖြင့်လိုက်လာသောကောင်လေးအား မျက်စိတစ်ဆုံးလိုက်ကြည့်မိတော့ ကျွန်တော်အားမသိမသာပြန်ကြည့်လာတဲ့ကောင်လေး

ကောင်လေးအကြည့်တွေက ချစ်ဖို့ကောင်းတယ် ဟာ...မဟုတ်သေးဘူး လေးရဲ့အရာရာတိုင်းကကိုကျွန်တော်မျက်စိထဲမှာချစ်ဖို့ကောင်းနေတာ

ကျွန်တော်အတွေးအားကျွန်တော်သဘောမကျစွာ နမ်ဂျွန်ဘေးဝင်ထိုင်တဲ့ကောင်လေးအား ‌‌ခပ်မာမာစကားတစ်ခွန်းကိုဆိုမိတော့

ပြောလိုက်တဲ့ကျွန်တော်အားမကြည့်ဘဲ နမ်ဂျွန်အားသွားစိုက်ကြည့်တဲ့ ကောင်လေးကြောင့် အလိုမကျမူတို့ကြောင့် ကောင်လေးအားအော်ငှောင်မိပြန်‌တယ်

နေပါအုန်း ကျွန်တော်အခုဘာ‌တြွေဖစ်နေတာလဲ အခုမှတွေ့ဘူးတဲ့ကောင်လေးကို အကြောင်းပြချက်မရှိ နမ်ချင်စိတ်တို့ကတဖွားဖွားနှင့် ချစ်စရာကောင်တယ်တွေ စိတ်တိုတာတြွေဖစ်နေရတာလဲ ငါမပီသလိုက်တာ

စိတ်ထဲကသာတွေးနေပေမဲ့ ကျွန်တော့်ဘေးကဖြတ်ပြီးထိုင်ဖို့လုပ်နေတဲ့ကောင်လေးကို လက်ကနေစောင့်ဆွဲချလိုက်မိတော့ ကျွန်တော်ရင်ခွင်ထဲ တန်းတန်းမက်မက်ဝင်လာခဲ့တဲ့ကောင်လေး

🔇 SILENCE 🔇Where stories live. Discover now