🔇 Silence_26🔇

11.4K 1.2K 112
                                    


"ဂျီမင်..."

ခပ်တိုးတိုးထွက်ပေါ်လာခဲ့ပြီး အဖျားခတ်တုန်ယင်လှတဲ့ အသံလေးအဆုံး ကျောပြင်ငယ်လေးကလှည့်ကြည့်လာခဲ့တယ်

*အခု မင်ယွန်ဂီက ငိုနေတာလား!!?*

အဆောက်အဦးရဲ့အစွန်‌လေးအနားမှာ ခပ်တောင့်တောင့်လေးရပ်နေခဲ့တဲ့ဂျီမင်က မလူပ်မရပ်ဖြင့်သာရှိ‌နေဆဲ

"ဆင်းလာခဲ့ပါ ဂျီမင် ကျေးဇူးပြုပြီး"

လက်တစ်ဖက်ကိုဆန့်ပေးကာ ခေါ်နေတဲ့ ယွန်ဂီအားဂျီမင်ငေးကြည့်မိ၏

ဘယ်သူကမှ အလိုမရှိခဲ့တဲ့ သူကို ဒီမင်ယွန်ဂီဆိုတဲ့လူသားတစ်ဦးထဲကသာ လက်ထပ်ယူသည်အထိပိုင်ဆိုင်ချင်နေခဲ့တာ

ကျွန်တော်ရဲ့တည်ရှိမူကို ကျွန်တော်ကိုယ်တိုင်ကပင် မုန်းတီးနေခဲ့မိပေမဲ့ ဒီမင်ယွန်ဂီဆိုတဲ့လူသားအတွက်တော့ အရေးပါနေခဲ့တာ

ခင်များကရော ကျွန်တော့်အတွက်ဘယ်လိုလူမျိုးဖြစ်နေမလဲ??

ဒီလိုအတွေးမျိုးက ပထမဆုံးဝင်ရောက်လာခဲ့ခြင်းပဲဆိုပေမဲ့ ကျွန်တော့်မှာအဖြေရှိမနေပြန်ဘူး မင်ယွန်ဂီ

ကမ်းပေးလိုက်တဲ့ လက်တစ်ဖက်အားတွေတွေလေးငေးကြည့်နေတဲ့ဂျီမင်ကြောင့် အနားသို့တိုးကပ်ရန်‌မသိမသာခြေလှမ်းပြင်မိတော့

မျက်လုံးချင်ဆုံအောင်ကြည့်လာပြီး ပြုံးယောင်သန်းလာတဲ့ဂျီမင်ကြောင့် ယွန်ဂီရဲ့ကမ္ဘာငယ်ဟာရပ်တန့်သွားခဲ့ရသလို

လှမ်းဖို့အတွက်ပြင်မိလိုက်တဲ့ခြေလှမ်းအဆုံကို မေ့လျှော့ကာ ဂျီမင်အားငေးကြည့်မိတော့ ပိုမိုပြီပြင်လာခဲ့တဲ့အပြုံးတွေ

မဖြစ်ပါစေနဲ့လိုသာ ဆုတောင်နေလိုက်မိရင် မျက်တောင်ပင်မခက်ရဲလောက်အောင် ဂျီမင်အားကြည့်နေခဲ့မိသည်

နှာထိပ်လေးများက လေးအေးတွေကြောင့်ထင် နီရဲနေခဲ့ပြီး ပါးမို့မို့လေးနှစ်ခုကမြင့်တတ်လာကာ မျက်လုံးမှေးမှေးလေးတွေ ကွေးသွားသည်အထိ ဂျီမင်ကရယ်ပြနေသည်

တွေ့ဆုံခဲ့တဲ့အချိန်မှစ မြင်တွေ့ခဲ့ရဖူးတဲ့ ဒီအပြုံးတွေက သိပ်ကိုလှပနေပြီး ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေးက နှလုံးသားတစ်ခုလုံးကိုဆွဲဆုတ်တယ်

🔇 SILENCE 🔇Where stories live. Discover now