🔇 Silence_18🔇

13.4K 1.3K 157
                                    

လက်မခံချင်လိုက်တာ ကလေးငယ်

ငါက မင့်ကိုအဆုံးအရူံးမခံနိုင်ပါဘူးဆိုတဲ့အမှန်တရာကြီးကိုပေါ့...

အချစ်လိုလည်း ခေါင်စဉ်မတတ်ချင်ဘူး ဒါပေမဲ့ မင်းကတော့ ငါအပိုင်!!

***********
""

ထူအိအိနူတ်ခမ်းအစုံအား အတင်းဖိကပ်ကာ နမ်းမိတော့ စတင်ရူန်းကန်ခြင်းကိုပြုလာပြန်တဲ့ဂျီမင်ကြောင့်

အောက်နူတ်ခမ်းအားကိုက်ချလိုက်ရင် လက်နှစ်ဖတ်အားပို၍တင်ကြပ်စွာဆုပ်ဆိုင်မိလိုက်သည်

"မရူန်းနဲ့ အားကုန်တယ်"

ယွန်ဂီစကား တခွန်းမှာတင်ငြိမ်ကျသွားခဲ့တဲ့ခန္ဓာငယ်လေးက ငြင်းပယ်ခြင်းမပြုတော့သလို တုန်ပြန်ခြင်းလည်းမပြုခဲ့

အိပ်ယာခင်းစအား ဆုပ်ကိုင်ထားတဲ့ လက်တွေပေါ်ကို ယွန်ဂီ အုပ်မိုး၍ထပ်ကိုင်မိတော့ ဂျီမင်လက်ထဲက ဆွဲကြိုးပျတ်စလေးအား သတိပြုလိုက်မိ‌သေး၏

အခါတိုင်း သူဒီဆွဲကြိုးလေးကို ဂျီမင်ဆီမှာမတွေ့ပါဘူး ဟု‌တွေးမိလိုက်တဲ့ခန ကျောပြင်အားဖတ်တွယ်လာတဲ့ လက်တွေကြောင့် အတွေးစတို့ဟာ ဗလာကျင်းသွားခဲ့ရသလို

အခု ဂျီမင်က သူ့ကိုဖတ်လိုက်တာလား!!

တသိမ့်သိမ့်တုန်ယင်လာတဲ့ ကိုယ်လေးကြောင့် ခုန်လူပ်သွားတဲ့ရင်ခုန်သံတို့အစား အတွေးစတို့ဟာပူထူသွားခဲ့ရသည်

ရင်ခွင်ထဲသို့ အတင်တိုးဝင်လာပြန်ကာ ငိုနေတဲ့ဂျီမင်ကြောင့် ယွန်ဂီမှာတော့ တောင့်တောင့်ကြီးဖြင့်သာ ပြန်လည်းမဖတ်တွယ်မိခဲ့

"မုန်းလိုက်တာ မင်ယွန်ဂီ ခင်များကိုအရမ်းမုန်းတာပဲ "

"သိတယ် သိတာမို့ ခနခနမပြောလည်း ဖြစ်တယ်"

တစ်ဖတ်သို့လှည့်ကာ ကျောခိုင်သွားတဲ့ ဂျီမင်ကြောင့် ယွန်ဂီ သက်ပြင်းသာဖွဖွချလိုက်ရင် မိမိကြောင့်အ၀တ်ကပ်မနေတဲ့ ခန္ဓာငယ်လေးအား စောင်လွှားခြုံပေးလိုက်မိရင် အကြောင်းမဲ့ငေးကြည့်မိ၏

🔇 SILENCE 🔇Where stories live. Discover now