🔇Silence_25🔇

11.9K 1.1K 199
                                    

မျက်စိတစ်ဆုံးမြင်တွေ့နေရတဲ့ အရာတွေဟာသိပ်ကိုလှပသလောက် ကျွန်တော်ဘ၀ဟာ မလှခဲ့ဘူးဆိုတာ သူသိခဲ့ရင်

လွင့်လွင့်လူးလူးတိုးဝေ့လာတဲ့ လေညှင်းတွေလို့ ကျွန်တော်ဘ၀ကို ကျွန်တော်မပိုင်ခဲ့ဘူးဆိုတာ သူသိခဲ့ရင်

ကျွန်တော် ပျံသန်းကြည့်ရမလား?

တေးဆိုငှတ်‌တွေလိုတောင်ပန်တွေကိုဖြန့်ကျတ်ရင် သွားလိုရာကို လွပ်လပ်စွာပျံသန်းခွင့်ရနိုင်ဖို့အတွက်‌လေ..

လက်နှစ်ဖတ်ကိုဆန့်တန်းမိရင် တိုက်ခက်လာတဲ့လေငွေ့ အေးအေးကိုထွေးပိုက်ဖို့အတွက်ကြိုးစားကြည့်တော့ တားမြစ်သံ သဲသဲကိုကြားလိုက်ရတယ်

ကျွန်တော်လှည့်မကြည့်ချင်ခဲ့ဘူး လွပ်လပ်မူဆိုတာမရှိခဲ့တဲ့ကျွန်တော်ဘ၀ ချုပ်နှောင်မူတွေနဲ့ပဲရှင်သန်နေရတော့မဲ့ကျွန်တော်ဘ၀က ကျွန်တော်ရဲ့အနောက်မှာရှိနေခဲ့တယ်မလား

ဒါတွေအားလုံးကို အဆုံးသက်လိုက်ချင်ပြီး လွတ်လပ်ခြင်းဆိုတဲ့အရာဟာကျွန်တော် မျက်စိအရှေ့မှာတစ်ဆုံးမြင်တွေ့နေရပေမဲ့

တားမြစ်သံ တိုးတိုး‌လေးကကျွန်တော်စိတ်အဆုံကို ဖမ်းဆွဲတယ်

ကျွန်တော်ကိုဘယ်သူကမှမလိုမရှိကြဘူး ဆိုတဲ့အသိကို ထိုအသံတိုးတိုးလေးကလှောင်ရယ်တယ်

ဟုတ်တာပေါ့ ကျွန်တော်အတွက် သူရှိနေခဲ့သေးတာပဲ

*************
"""

အခါတိုင်းနေ့တွေနဲ့ မတူပဲ ဒီနေ့ဟာကွဲပြားထွက်နေသည်က မနက်အစော‌‌စော နေမထွက်ခင်အချိန်မှာပင် ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ထပ်မည်‌နေရာသို့သွားရောက်နေခြင်း

တဖွဲဖွဲကျနေတဲ့ နှင်းတွေကိုကားမှန်ပြင်အတွင်းကနေသာငေးကြည့်မိရင် ကားမောင်းနေတဲ့သူ့ကိုတစ်ချက်လှမ်းကြည့်မိတော့ ခပ်ပြုံးပြုံးဖြစ်နေပြန်တဲ့ နှူတ်ခမ်းလွှာပါးပါး

ရာသီဥတုရဲ့အအေးဓာဏ်က သူဆုပ်ကိုင်ပေးထားတဲ့လက်အနွေးချိန်ကိုလျှော့ချဖို့အတွက် မတတ်နိုင်ဘူးထင်ပါရဲ့ ကားအတွင်းမှာတော့ သူ့အပြုံးရိပ်တွေနဲ့ ခပ်နွေး‌နွေးရယ်

🔇 SILENCE 🔇Where stories live. Discover now