🔇 Silence_14🔇

15.2K 1.4K 119
                                    

မတည့်အတူနေ ဆိုတဲ့စကားကြားဖူးကြမယ်ထင်ပါတယ်

ယွန်ဂီhyungနဲ့ကျွန်တော်က အဲ့လိုပါပဲ ယွန်ဂီhyungကကျွန်တော့်ကိုကြည့်မရပေမဲ့ မုန်းတော့မမုန်းပါဘူး

သူကြည့်မရဘူးဆိုတာကလည်း ကျွန်တော်ကငယ်ငယ်ကဆို အမြဲတစ်ခုမဟုတ်တစ်ခုလုပ်ပြီး ယွန်ဂီhyungမခံချင်အောင်စကာ ဒေါသမထွက်ထွက်‌အောင်လိုက်လုပ်တဲ့သူမို့ ယွန်ဂီhyungကကျွန်တော်အားကြည့်မရခြင်းပင်

ငယ်ငယ်ကထဲက နမ်ဂျွန်hyungနဲ့သာ တပူပူတတွဲတွဲအတူတူရှိတတ်ပြီး ကျွန်တော်နဲ့တော့အရမ်းကြီးမနီးကပ်ဖြစ်ခဲ့ပေမဲ့လည်းပေါ့

ကျွန်တော်က နမ်ဂျွန်hyungရဲ့ ညီးတစ်ဝမ်းကွဲဆိုပေမဲ့ မိဘချင်းအဆင်းမပြေကြတဲ့အတွက် အရမ်းကြီးနီးကပ်တဲ့အခွင့်ရေးမရခဲ့တာဆိုပိုမှန်လိပ်မယ်

ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရမ်းကြီးစိမ်းသက်မနေပဲ နမ်ဂျွန်hyungကလည်း ညီးအရင်းတစ်ယောက်လိုဂရုစိုက်ဆက်ဆံပေးခဲ့တဲ့အတွက် နိုင်ငံခြားသို့ပြောင်းရွေ့သွားခဲ့သည့်တိုင် အဆက်အသွယ်မပျက်ခဲ့ကြခြင်းပင်

‌ကျောင်းပိတ်ရက်လည်းဖြစ်တာမို့ မိဘများအားမရမကပူစာကာ မရောက်တာကြာပြီးဖြစ်တဲ့ ကိုရီးယားမြေကို‌အလယ်အဖြစ်ပြန်လည်လာရောက်ခဲ့ခြင်းဖြစ်သည်

အမှန်က နမ်ဂျွန်hyungတို့အားလွမ်းနေခဲ့၍လည်းပါသည်

နမ်ဂျွန်‌hyungအိမ်မှာလိုက်နေဖို့အတွက်ကအဆင်မပြေတာကြာင့် ယွန်ဂီhyungအိမ်တွင်သာနေလိုက်ဟုအကြံပြုတဲ့ နမ်ဂျွန်hyungကပြောအား လက်ခံမိလိုက်သည် ဘာညာဘာညာတွေလည်း ငှာမနေခြင်ဘူးလေ ကျွန်တော်မှာဒီလောက်ရင်းနှီးတဲ့သူတွေရှိနေတာပဲကို

နမ်ဂျွန်‌ hyungအေ‌ပြာ‌ကြောင့် ယွန်ဂီhyungအိမ်ကို လာသာလာခဲ့ရသည် ယွန်ဂီhyungက ကျွန်တော်အား ကန်ချလိုက်မည်ကစိုးရိမ်ရသေး၏

ကျွန်တော့်က သူ့အားမခံချင်အောင်လိုက်လိုက်စပြီး ဒေါသမထွက်ထွက်အောင်အမြဲတစ်ကောက်ကောက်လိုက်ကာစနေခဲ့ဖူးသူမဟုတ်ပါသလား

မှတ်မှတ်ရရ ကျွန်တော်တို့ နိုင်ငံခြားသို့ပြောင်းသွားခဲ့ပြီး တစ်ပက်လောက်အကြာမှာ ယွန်ဂီhyungရဲ့ မိဘတွေမတော်တဆမူကြောင့် ဆုံးသွားခဲ့သည်လေ

🔇 SILENCE 🔇Where stories live. Discover now