🔇 Silence_16🔇

14K 1.4K 157
                                    

တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမူကို ငါကတားမြစ်တဲ့အခါ

ငါက"သိပ်ကိုအတ္တကြီးတယ်"လို့ မင်းပြောခဲ့တယ် ကလေးငယ်

တကယ်ဆို ကိုယ်ဟာ အတ္တကြီးတယ်ဆိုတာထက်

ဆုံးရူံးရမှာကြောက်မိတာကို  ကလေးငယ်မှမသိပဲ

************
""

ပုံမှန်‌နေ့များလို ဧည့်ခန်းထဲတွင်TVကြီးဖွင့်ကာငုတ်တုတ်‌လေးထိုင်နေတဲ့ဂျီမင်ရှေ့သို့ ဂျောင်ကုသွားရပ်လိုက်ကာ

"ကျွန်တော် အပြင်သွားမလို့ လိုက်အုန်းမလား"

နမ်ဂျွန်‌အပြောအရ ဂျီမင်ကဂျောင်ကုထက်အသက်မဆိုသလောက်ကလေးပိုကြီးမှန်ကိုသိပြီးဖြစ်၍ ကျွန်တော်ဟုသုံးနူန်းလိုက်ခြင်းသာ

အမှန်ဆို ဂျီမင်က‌ဂျောင်ကုနှင့်ယှဉ်ပြန်လျှင်လည်း သိသိသာသာသေးတာကြောင့် hyungတပ်ခေါ်ရမှာမတင်မကျဖြစ်ရပြန်သည်

ဂျောင်ကုအသံကြားတော့ မော့ကြည့်လာကာတွေးဆဆပြုနေပြန်တဲ့ဂျီမင်ကြောင့် စကားအားပြန်ပြင်လိုက်ရင်

"မှာစရာရှိရင် စာရေးပေးခဲ့လေ ကျွန်တော်ဝယ်ခဲ့ပေး...."

"လိုက်ခဲ့မယ် ခနစောင့်"

1စ က္ကန့်~~

2စ က္ကန့်~~~

ဟမ်းးး!!!

အခု ဂျီမင်hyungကစကားပြောလိုက်တာလား??

အပေါ်ထပ်သို့ဂျီမင်တတ်ကာ အပေါ်ကုတ်သွားယူပြီးပြန်လာသည်အထိ ဂျောင်ကုကထိုနေရာမှာပင် ကြောင်တောင်တောင်ဖြင့်ရပ်နေခဲ့ဆဲ

ဂျီမင်မှာတော့ အလေမစိုက်စွာ ကားဆီသို့သွားလိုက်တော့မှ ခပ်သုတ်သုတ်အိမ်ထဲမှပြေးထွက်လာရင် ကားတံခါးဖွင့်ပေးလာပြန်တဲ့ ဂျောင်ကုကြောင့် ဘာမှမပြောပဲနှင့်သာဝင်ထိုင်လိုက်တော့သည်

"လမ်း_ခြံအမှတ်_ကိုမောင်း‌ပေး"

"ဟို‌လေ နမ်ဂျွန်hyungက‌ပြောတော့ စကားးမပြော..ပြော.."

"မောင်းတော့"

ဂျောင်ကုစကားမဆုံခင် ဂျီမင်ဖျတ်ပြောလိုက်ကာ တဖတ်သို့အကြည့်ပိုပြီး ငေးနေလိုက်တော့သည်

🔇 SILENCE 🔇Where stories live. Discover now