အပိုင်း၂

14.4K 1.2K 2
                                    

U N I C O D E 🌼

ဟိန်းထက်သာတစ်ယောက် ကားနောက်ခန်းမှာထိုင်ရင်း  ကားမှန်မှတစ်ဆင့် မြင်နေရတဲ့ညဘက်အလှတွေကို ကြည့်နေမိသည်။

အခု​ အကယ်ဒမီပေးပွဲပြီးသွားသောကြောင့် သူတို့ အိမ်ပြန်လာနေခြင်းပင်။

ဒီညလဲသူလုပ်နိုင်ခဲ့ပြီ ။သူ့အတွက်၊ သူ့ရဲ့ကြိုးစားမှုအတွက် အသိအမှတ်ပြုပေးသောမှတ်တိုင်သစ်တစ်ခု သူထပ်မံ တည်ဆောက်လိုက်နိုင်ပြီဖြစ်သည်။

ခုလိုအောင်မြင်လာဖို့ ဟိန်းထက်သာအများကြီးရင်းခဲ့ရသည်။

ပထမဆုံးအနေနှင့်မိသားစု ။

အနုပညာလောကထဲစဝင်မယ်ဆိုကတည်းက ဖေဖေက ကန့်ကွက်ခဲ့သည်။ သူ့ရဲ့လုပ်ငန်းတွေကိုပဲဦးစီးစေချင်သည့်ဖေဖေက ဟိန်းထက်သာကို အနုပညာလောကထဲကို လုံးဝမဝင်စေချင်ခဲ့ပါ။

ဖေဖေ့ကိုဘယ်လိုမှဖြောင်းြဖလို့မရသည့်နောက်ဆုံး သူ အိမ်ကထွက်လာခဲ့ပြီး ကိုယ့်ဘာသာကိုယ်ရပ်တည်ကာ အောက်​ြေခကနေစပြီးကြိုးစားခဲ့ရသည်။ မေမေနှင့်အမြဲဆက်သွယ်နေခဲ့ပေမဲ့ဖေဖေကတော့ခေါင်းမာနေဆဲ...ခုထိသူ့ကိုပြန်မခေါ်သေးပေ။

ဒီလိုအခက်အခဲပေါင်းများစွာကိုကျော်​ြဖတ်လာရပြီး ယခုဆိုရင်အနုပညာလောကထဲတွင် နေရာတစ်နေရာတော့ရနေပြီဖြစ်သည်။

"ထက်သာ မနက်ဖြန်ကျရင် နောက်ရိုက်မဲ့ကားအတွက်သတင်းစာရှင်းလင်းပွဲတက်စရာရှိတယ် မနက်ကိုးနာရီလောက်အဆင့်သင့်လုပ်ထားနော် နောက်ပြီး ညကျရင် ကိုသုရဲ့wedding dinnerသွားရမယ် "

အတွေးထဲမျောနေတုန်း ရှေ့ခန်းက ကားမောင်းနေတဲ့ မန်နေဂျာကိုအောင်က လှမ်းပြောလေသည်။ထိုအခါမှသာ အတေွးတေွက အတိတ်ကနေ လက်ရှိပစ္စုပ္ပန်ကို
ြပန်ရောက်လာတော့သည်။

"ဟုတ်​ ကိုအောင်.."

"မနက်အစ်ကိုလာခေါ်မယ်နော် အဆင်သင့်လုပ်ထား အိပ်ရေးဝဝအိပ် ဇာတ်ကားစရိုက်ရင်နားဖို့အချိန်ရမှာမဟုတ်တော့ဘူး"

"ဟုတ်ကဲ့ပါ.."

ကိုအောင်ရဲ့မှာတမ်းတွေကိုနားထောင်အပြီး ကားကလည်း​ တိုက်ရှေ့သို့ရောက်လာလေသည်။

နှောင်ကြိုးလေး { Completed }Where stories live. Discover now