အပိုင်း၁၆

13.1K 1K 6
                                    

U N I C O D E 🌼

"ဦးဦး.."

အခန်းထဲမှာအရုပ်ပေါင်းစုံနဲ့ဆော့နေတဲ့သားသားကဟိန်းထက်သာအခန်းထဲဝင်လာတာမြင်တော့ရှေ့သွားလေးနှစ်ချောင်းပေါ်အောင်ရယ်ပြလာပြီးခေါ်လေသည်။

ဟိန်းထက်သာလည်း..သားအနားသို့သွားကာသားကိုပေါင်ပေါ်တင်ချီလိုက်ပြီး

"ဦးဦးမဟုတ်ဘူးသားရဲ့ ဒယ်ဒီ့ကိုဒယ်ဒယ်လို့ခေါ်"

"ဟင် ဦးဦးကိုဘာရို့ဒယ်ဒယ်လို့ခေါ်ရမှာလဲ"

"ဘာလို့လဲဆိုတော့ဒယ်ဒီကသားရဲ့ဖေဖေမိုလို့လေ"

"ပူတူးမှာဖေဖေရှိတယ်လေ"

"ဖေဖေကလည်းသားဖေဖေပဲ ဒယ်ဒီကလည်းသားဖေဖေပဲလေ သားမှာဖေဖေနှစ်ယောက်တောင်ရှိတယ်"

"ဟင် "

သားကဟိန်းထက်သာရဲ့စကားကိုခေါင်းရှုပ်သွားသည်ထင်သည်။ခေါင်းလေးကုတ်ပြီးသေချာစဥ်းစားနေလေသည်။

"သားကြီးလာမှဒယ်ဒီကသေချာရှင်းပြမယ် ခုတော့စဥ်းစားမနေနဲ့တော့နော်"

"ဟုတ် ဒယ်ဒယ်"

"သားလေးကလိမ္မာလိုက်တာ ပြန်ခေါ်ပါအုံး"

"ဟီးး ဒယ်ဒယ်"

"ဗျာ....Haa.. ချစ်ဖို့ကောင်းလိုက်တာ မွမွ"

"ခစ် ခစ် "

ဟိန်းထက်သာကသားကိုအသည်းတွေယားလာပြီးမျက်နှာအနှ့ံလျှောက်နမ်းတော့သားကတခစ်ခစ်ဖြင့်ရယ်နေလေသည်။

အခန်းထဲမှသားအဖနှစ်ယောက်၏ချစ်စရာကောင်းသောမြင်ကွင်းလေးကိုနွေဦးအခန်းပြင်ကပဲကြည့်နေလိုက်သည်။သားအဖနှစ်ယောက်ပိုရင်းနှီးအောင်ထားခဲ့လိုက်ပြီးမီးဖိုချောင်တွင်သွားကူနေလိုက်တော့သည်။

ဒီအိမ်ကိုနွေဦးတို့ရောက်နေတာ..တစ်လတောင်ပြည့်တော့မယ်..။စရောက်ကတည်းက..ဦးနဲ့အန်တီကနွေဦးကိုမိသားစုဝင်တစ်ဦးလို..နွေးနွေးထွေးထွေးဆက်ဆံပေးကြပြီး..ခေါ်တာတောင်.အဖေနဲ့အမေလို့ပဲခေါ်ခိုင်းသည်။

ဆက်ဆံရေးသိပ်အဆင်မပြေတဲ့..ဟိန်းထက်သာတို့သားအဖတောင်..ဒီအတောအတွင်း..ပြန်ပြေလည်သွားခဲ့သည်။အစက..အဖေကအလျှော့မပေးဘဲ..ဟိန်းထက်သာကို..အိမ်မှာမနေခိုင်း..။နောက်ဆုံးတော့လည်း..နေ့တိုင်းမရရအောင်လာပြီးတွယ်ကပ်နေတဲ့ဟိန်းထက်သာကိုအဖေကပဲအလျှော့ပေးလိုက်ရကာ..အခုတော့..တစ်အိမ်တည်းနေကြသည်။တစ်ယောက်တစ်ခန်းစီသပ်သပ်နေနေကြပေမဲ့ပေါ့...။

နှောင်ကြိုးလေး { Completed }Where stories live. Discover now