အပိုင်း၃၀

9.5K 738 11
                                    

U N I C O D E 🌼

နွေဦး အမေတို့အိမ်မှာ စိတ်ပြေလက်ပျောက်ဖြစ်စေရန် အိမ်အလုပ်တွေကူလုပ်လိုက် ဒေါ်ကြီးတို့နဲ့စကားပြောလိုက်ဖြင့် အာရုံပြောင်းထားရသည်။ဒီတလောအစားပျက်နေတာမို့ လူကအားမရှိချင်..မူးရိပ် မူးရိပ်ဖြင့်..။

"သားလေး နေမကောင်းဘူးလား "

"ဟုတ် အမေ နည်းနည်းခေါင်းမူးနေလို့ခုတလောနေလို့သိပ်မကောင်းဘူး"

"ဆေးခန်းလေးဘာလေးသွားပြအုံး
ထက်သာအားတဲ့နေ့ကျလိုက်ပို့ခိုင်းလိုက်အုံးနော်"

"ဟုတ်"

နေ့လည်ထမင်းစားတော့လည်းဟင်းနံ့တွေကြောင့်လူကပျို့ချင်လာသည်။လူကြီးတွေရှေ့မှာမို့ထိန်းထားပေမဲ့မနေနိုင်တော့သောကြောင့်နွေဦးဘေစင်မှာပြေးအန်မိသည်။

နွေဦးအန်တော့ အမေတို့ကလည်းပျာပျာသလဲလဲဖြစ်ကုန်သည်။

"သားရယ် ဘယ်လိုဖြစ်ရတာလဲ ဆေးခန်းသွားပြမလား"

"ရတယ်အမေ ဘာမှမဖြစ်ပါဘူး"

"နေအုံး မဟုတ်မှလွဲရော ဟိုဟာများလား"

"ဗျာ မဖြစ်နိုင်ပါဘူး"

"ဘာပဲဖြစ်ဖြစ်သားကိုပြောပြီးဆေးခန်းသွားပြလိုက်အုံးနော်"

"ဟုတ်"

"သားဘာစားချင်လဲ ဒေါ်ကြီးလုပ်ပေးမယ်လေ"

"ရပါတယ် ဒေါ်ကြီး စားချင်စိတ်မရှိတော့ဘူး"

"တစ်ခုခုစားချင်လာရင်ပြောနော်"

"ဟုတ် သားအခန်းထဲသွားနားလိုက်အုံးမယ်"

"အေးအေး သွားနားလိုက်"

နွေဦးလည်းအရင်နေခဲ့တဲ့အခန်းထဲမှာပဲသွားနေလိုက်သည်။စိတ်တွေလည်းရှုပ်နေတာမို့အိပ်ပျော်အိပ်လိုက်သည်။

နေ့လည်ထဲကအိပ်ပျော်သွားလိုက်တာနွေဦး ညနေမှနိုးလာတော့သည်။

အကြာကြီးအိပ်ပျော်သွားတာကြောင့်ခေါင်းထဲမူးနေသည်။

ဖုန်းဝင်လာတာကြောင့်ကြည့်လိုက်တော့ ဖုန်းခေါ်သူကချမ်းမြေ့ဖြစ်နေသည်။

နှောင်ကြိုးလေး { Completed }Where stories live. Discover now