အပိုင်း၃၁

10.6K 725 10
                                    

U N I C O D E 🌼

မနက်အစောကြီးဟိန်းထက်သာတစ်ယောက်ရိပ်ရှိရာဆေးရုံသို့အပြေးတပိုင်းဖြင့်ရောက်လာလေသည်။

အစောကြီးရှိသေးတာမို့ရိပ်ကတော့အိပ်ပျော်နေဆဲ။

"သား မနေ့ကဘာတွေလုပ်နေတာလဲ သားကိုအမေတို့ဖုန်းဆက်တာလဲမကိုင်ဘူး"

"ရိပ် အဆင်ပြေတယ်မလားဟင်"

ကုတင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောရိပ်ကိုကြည့်ပြီးမေးလိုက်သည်။

"အင်း အဆင်ပြေပါတယ် ဒါပေမဲ့မျက်နှာမကောင်းရှာဘူး ညကလဲမအိပ်ဘူး အိပ်ပျော်သွားတာမကြာသေးဘူး"

နွေဦးကကိုယ်ဝန်အကြောင်း သားကိုသူကိုယ်တိုင်ပြောပါမယ်လို့ပြောထားတာ
ကြောင့်ဒေါ်ထက်ထက်ဝေမပြောတော့ဘဲနေလိုက်သည်။

"သားမကောင်းတာပါ..ခုတလောအလုပ်တွေသိမ်းကျုံးလုပ်နေလို့ရိပ်ကိုဂရုမစိုက်မိဘူး"

စိတ်ပျက်လက်ပျက်ပြောလာသောသားကိုအဆင်ပြေမှာပါဟုသာနှစ်သိမ့်လိုက်သည်။

"မေမေလည်းပင်ပန်းနေပြီ ပြန်နားလိုက်တော့လေ ကိုအောင်ပါလာတယ် သူပြန်လိုက်ပိုပေး
လိမ့်လိုက်မယ် သားရိပ်ကိုစောင့်လိုက်မယ်"

"အေးပါ မနက်ကျမှမေမေတို့ပြန်လာခဲ့မယ်နော် ဒါဆိုမေမေသွားပြီနော်"

"ဟုတ်"

မေမေပြန်သွားပြီးရိပ်ရဲ့ကုတင်ဘေးကထိုင်ခုံမှာဝင်ထိုင်လိုက်ပြီးရိပ်ရဲ့လက်ကလေးတွေကိုကိုင်ထားမိသည်။

"ကိုယ်တောင်းပန်ပါတယ်ရိပ်ရယ်.."

ခုတလော..ရိပ်ကိုသူသေချာဂရုစိုက်ဖြစ်ခဲ့။ရိုက်လက်စဇာတ်ကားလည်းရှိသလို Entအတွက်လူသစ်ခေါ်တဲ့အချိန်မိုလို့အလုပ်တွေကအရမ်းရှုပ်နေသည်။

ရိပ်နဲ့သားလေးအတွက်အချိန်တွေအများကြီးပေးချင်တာကြောင့် အခုတလော အလုပ်တွေကိုအပြီးဖြတ်နေတာနဲ့ ဂရုမစိုက်သလိုဖြစ်သွားတယ်။

မနေ့က အခုရိုက်နေတဲ့ဇာတ်ကားရိုက်ကူးမှုပြီးလို့ အဖွဲ့သားတွေနဲ့အတူနှုတ်ဆက်ပွဲလုပ်နေတာ​...ဘယ်ကနေဘယ်လိုဖြစ်ပြီးဟိန်းထက်သာအသိလွတ်သွားလဲတော့မသိ။အသိပြန်ဝင်ချိန်မှာတော့..Hotelကအခန်းတစ်ခန်းထဲမှာ။

နှောင်ကြိုးလေး { Completed }Where stories live. Discover now