အပိုင်း၁၅

13.1K 1K 13
                                    

U N I C O D E 🌼

နွေဦးတို့သားအဖနဲ့ဒေါ်ကြီးပါဟိန်းထက်သာ၏အဖေဦးဟိန်းဆက်အိမ်ရှိရာရန်ကုန်သို့လိုက်လာခဲ့ကြသည်။

နွေဦးတို့စီးလာသည့်ကားက..
အိမ်ကြီးအိမ်ကောင်းများသာရှိသောရပ်ကွက်တစ်ခုတွင်းသို့မောင်းဝင်သွားပြီးကြီးကျယ်ခမ်းနားလှသောအဖြူရောင်တိုက်အိမ်ကြီးရှေ့တွင်ရပ်သွားလေသည်။ခြံတံခါးပွင့်သွားတာနှင့်အလျောက်အိမ်ကြီး၏ခမ်းနားမှုကလည်းပို၍ထင်ရှားလာခဲ့သည်။ချမ်းသာတယ်ဆိုတာသိပေမဲ့ဒီလောက်ချမ်းသာမယ်မှန်းမထင်ထားခဲ့...။
       
"အိမ်ထဲကိုဝင်ရအောင်.."

ဦးဟိန်းဆက်နောက်မှနွေဦးတို့အိမ်ကြီးထဲသို့ဝင်လာလိုက်သည်။အထဲမှာလည်းအိမ်၏အပြင်အဆင်နှင့်အသုံးအဆောင်တွေကအစအဖိုးတန်တွေ...တဖိတ်ဖိတ်နှင့်အရောင်တွေတောက်နေသကဲ့သို့...

ဧည့်ခန်းထဲကဆိုဖာတွင်ဟိန်းထက်သာနဲ့ဒေါ်ထက်ထက်ဝေတို့ကထိုင်နေကြသည်။

"သားတို့ရောက်လာကြပြီလား အစ်မကြီးကနွေဦးအဒေါ်ဆိုတာထင်တယ် ကြွပါရှင်"

ဒေါ်ထက်ထက်ဝေမှနွေဦးကိုခေါ်ကာသူ့ဘေးတွင်ထိုင်စေသည်။သာထက်သျှားလေးကတော့ဟိန်းထက်သာပေါင်ပေါ်မှာ..

"သား.. အန်တီသားကိုတောင်းပန်ပါတယ်နော် အန်တီ့အတ္တစိတ်ကြောင့်သားဒုက္ခတွေများခဲ့မှာပဲ အန်တီ့ကြောင့်မြေးလေးလည်းမိဘအစုံရှိရက်နဲ့.."

ဟိန်းထက်သာ၏အမေကနွေဦးလက်ကလေးကိုကိုင်ကာ​တောင်းပန်လေသည်။

"စိတ်မကောင်းမဖြစ်ပါနဲ့အန်တီ သားအန်တီ့ကိုနားလည်ပါတယ် "

"အန်တီမြေးလေးကိုမွေးပေးခဲ့လို့ကျေးဇူးတင်ပါတယ် "

"ကဲ လူလည်းစုံနေပြီဆိုတော့ကလေးတွေရဲ့ရှေ့ရေးကိုတိုင်ပင်ရမယ် "

ဦးဟိန်းဆက်မှစကားစလိုက်လေသည်။

"ကျွန်တော်..နွေဦးရိပ်ကိုလူသိရှင်ကြားလက်ထပ်ပြီး..သားလေးကိုလည်းကျွန်တော်ရဲ့သားအဖြစ်တရားဝင်​စောင့်ရှောက်ချင်တယ်"

အားလုံးစုံတာနဲ့..ဟိန်းထက်သာကစကားစပြောသည်။နွေဦးကိုလက်ထပ်မယ်တဲ့..

နှောင်ကြိုးလေး { Completed }Where stories live. Discover now