အပိုင်း၂၇

10.3K 762 7
                                    

U N I C O D E 🌼

နွေဦးနိုးလာတော့မျက်စိရှေ့မှာအပြစ်ကင်းစွာအိပ်မောကျနေတဲ့အစ်ကို့မျက်နှာကိုအရင်ဆုံးမြင်လိုက်ရသည်။

လူကတော့အစ်ကို့ရင်ခွင်ထဲမှာ...အစ်ကိုကတင်းကြပ်နေအောင်ဖက်ထားသည်မို့နွေဦးလှုပ်လို့တောင်မရ။နှစ်ယောက်လုံးအဝတ်မကပ်သည့်အနေအထားမှာခန္ဓာကိုယ်ချင်းပူးကပ်နေတော့နွေဦးမှာအလိုလိုမျက်နှာကရဲလာပြီးနေရခက်လာသည်။

ညကအကြောင်းများပြန်တွေးမိတော့ပိုပြီးရဲလာသည့်မျက်နှာ။ပထမဆုံးအကြိမ်မဟုတ်ပေမဲ့နွေဦးအတွက်တော့ပထမဆုံးအကြိမ်ကထက်ကိုပိုပြီးရှက်မိသည်။

အစ်ကို့မျက်နှာကိုငေးမောကြည့်နေရင်းအစ်ကိုရဲ့မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုစီကိုထိတွေ့ကြည့်နေမိသည်။

"ကိုင်လို့ကောင်းလား.."

"အစ်ကိုနိုးနေတာလား"

"အင်း ရိပ်ကိုယ့်မျက်နှာကိုစကိုင်တဲ့အချိန်ကတည်းက"

"အစ်ကိုအိပ်ချင်သေးရင်အိပ်လေ နွေဦးရေသွားချိုးလိုက်အုံးမယ်"

"အတူချိ်ုးမယ်လေ.."

"အစ်ကို!! "

"ရိပ်ရယ်ရှက်မနေပါနဲ့တော့ မနေ့ညက.."

"အာ..အစ်ကိုကလည်း ဘာတွေပြောနေတာလဲ "

စောင်ကြီးပတ်ကာရေချိုးခန်းထဲပြေးဝင်သွားသောရိပ်ကိုကြည့်ရင်းချစ်ဖို့ကောင်းလွန်းလို့အသံထွက်ရယ်မိသည်။မနေ့ညကခန္ဓာကိုယ်ချင်းဆက်ယှက်ခဲ့တာတောင်မှရိပ်ကခုထိရှက်နေတုန်း။

ခဏကြာတော့ရိပ်ရေချိုးပြီးသွား၍ဟိန်းထက်သာလည်းရေချိုးလိုက်သည်။ရေချိုးပြီးထွက်လာတော့ရိပ်ကအဝတ်အစားတောင်လဲပြီးပြီ။ဟိန်းထက်သာလည်းအဝတ်အစားအမြန်လဲလိုက်ကာHotelမှမနက်စာစားပြီးကားဖြင့်သာပုဂံမြို့ကိုလည်ရန် ထွက်လာခဲ့သည်။

စစချင်းဦးတည်သွားလိုက်တာကတော့
တုရင်းတောင်စွယ်တော်မြတ်စေတီတော်တည်ရှိရာသို့။

တောင်ထိပ်အထိရောက်အောင်ကားမောင်းလာပြီး..အပေါ်ရောက်တော့နှစ်ယောက်သားကားပေါ်မှဆင်းလိုက်ကြသည်။ဟိန်းထက်သာတို့ကားပေါ်ကဆင်းတာနဲ့အနားကိုဝိုင်းအုံလာကြတဲ့စျေးသည်တွေ။မင်းသားမိုလို့တကူးတကလာကြည့်တာတော့မဟုတ်..
အပြိုင်အဆိုင်စျေးရောင်းရန်သာ..😅။

နှောင်ကြိုးလေး { Completed }Where stories live. Discover now