🎉Special🎉

7.2K 564 11
                                    

Unicode🐣

သာယာလှသောမနက်ခင်းတွင်နွေဦးတစ်ယောက်ထမင်းချက်နေတုန်းသားနှစ်ယောက်အသံတိတ်နေသောကြောင့်လိုက်ရှာရသည်။ငြိမ်နေတာပို​လန့်ဖို့ကောင်းတယ်...

ဟော..တွေ့ပါပြီ ခြံထဲကနှင်းဆီပင်တွေနားမှာ။သားငယ်လေးက လေးဘက်သွားတဲ့အရွယ်လေး..သူ့အကိုကြီးနောက်တကောက်ကောက်လျှောက်လိုက်နေပြီ။ခုလဲသူ့ကိုကြီးဆော့နေတဲ့နေရာမှာငုပ်တုတ်လေးထိုင်ပြီးသူပါဆော့နေလေရဲ့..

"သားကြီး ရွှံ့တွေနဲ့ဘာလို့ဆော့နေတာလဲ ညီလေးမှာပေကျံနေတာပဲ ကြည့်ပါအုံးမျက်နှာတွေမှာရော"

ပေတလူးလေးကိုပေါင်ပေါ်တင်လိုက်ကာသားကြီးအနားမှာနွေဦးဝင်ထိုင်လိုက်သည်။
သားငယ်လေးမျက်နှာကရွှံ့တွေသုတ်ပေးတော့ရှေ့သွားလေးနှစ်ချောင်းပေါ်အောင်ပြုံးပြလာသည်။

"ပေတလူးလေး ကိုကိုနဲ့ဆော့နေတာပေါ့လေ"

"ခစ် ခစ် ပန် ပန်း"

"ပန်း ဪ သားသားကပန်းတွေနဲ့ဆော့နေတာလား"

"ဖေဖေ ဒယ်ဒီရော "

"ဒယ်ဒီကအပြင်ခဏသွားတယ် တော်ကြာပြန်လာမှာပေါ့ နေပါအုံး သားတို့ဘာလုပ်နေကြတာလဲ"

"မီးပုံးလုပ်မလို့လေ"

"မီးပုံးလုပ်မလို့ ရွှံ့တွေနဲ့လား"

"သားသူငယ်ချင်းပြောတာ ရွှ့ံတုံးလေးတွေလုပ်ပြီးအပေါ်ကဗံဒါရွက်တွေနဲ့လုပ်ရမှာတဲ့"

"အဲ့ဒါဖေဖေကိုပြောပေါ့သားရဲ့ ခုတော့ညီလေးမှာရွှံ့တွေပေကုန်ပြီ သားမှာရော ပေကျံနေတာပဲ"

'တီ တီ'

"ဒယ်ဒီပြန်လာပြီ"

သူ့ဒယ်ဒီကားသံကြားတော့ပေါင်ပေါ်ကပေတလူးလေးကအောက်ကိုအတင်းဆင်းပြီးသူ့ဒယ်ဒီဆီလေးဘက်ထောက်သွားလေသည်။ခြံထဲတွင်စိုက်ထားသောမြက်နုနုလေးတွေကြောင့်သားငယ်လေးကိုလွှတ်ပေးထားလိုက်သည်။နွေဦးနဲ့သားကြီးကတော့ရွှံ့တုံးတွေထိုင်လုပ်နေကြသည်။

လေးဘက်ထောက်ပြီးလာနေသောသားငယ်လေးကိုဟိန်းထက်သာကောက်ချီလိုက်သည်။

နှောင်ကြိုးလေး { Completed }Where stories live. Discover now