အပိုင်း၁၀

12.4K 1K 7
                                    

U N I C O D E 🌼
 
ချမ်းမြေ့တို့အိမ်ကိုရောက်ပြီး..နောက်တစ်နေ့မှာ..အန်တီနဲ့ချမ်းမြေ့က..နွေဦးကိုဆေးရုံမှာ..OGဆရာမနှင့်ဗိုက်အပ်ပေးသည်။

OGဆရာမက..ကိုယ်ဝန်ဆောင်တွေသိသင့်သိထိုက်သည်များကိုပြောပြပေးပြီး..ယောက်ျားလေးကိုယ်ဝန်ဆောင်မို့..အထူးဂရုစိုက်ရန်မှာလေသည်။

ဆေးရုံကအပြန်..စျေးထဲကအစ်မတို့ဆိုင်တောင်ဝင်ကြသေးသည်။ မြို့ထဲကိုနှံအောင်လိုက်ပြပေးပြီးတော့အိမ်ကိုပြန်လာခဲ့ကြသည်။

နှစ်ရက်လောက်နေတော့ချမ်းမြေ့လဲပြန်သွားသည်။ မပြန်ခင်နွေဦးကိုဂရုစိုက်ဖို့ခဏခဏမှာနေတာကြောင့်...ကြီးမေတို့ကပါဝိုင်းစနေကြသည်။နွေဦးလဲကြီးမေတို့အစ်မတို့စတာနဲ့နေသားတောင်ကျနေပြီ...။

တဖြေးဖြေးနဲ့အချိန်တွေကုန်လာလိုက်တာ...
ခုဆိုနွေဦးကိုယ်ဝန်လေးလတောင်ရှိတော့မယ်။

မကြာခင်ကလေးလေးကသားသားလေးလားမီးမီးလေးလားသိရတော့မည်။ မကြီးနဲ့မလေးကတော့နွေဦးကိုဆိုသဲသဲလှုပ်.. ကြီးမေတို့အန်တီတို့ကလဲအရမ်းဂရုစိုက်ကြတော့နွေဦးတောင်ဒီမိသားစုဝင်လိုဖြစ်နေပြီ။အရမ်းကြီးလဲအနေမခက်တော့။

နွေဦးဆေးရုံသွားပြတဲ့ရက်တွေဆိုမကြီးနှင့်မလေးကတစ်လှည့်စီလိုက်ပို့ပေးသည်။ ကြီးမေကလဲနေ့တိုင်းနွေဦးအကြိုက်တွေချည်းချက်ကျွေးသောကြောင့်နွေဦးမှာအရင်ကထက်ပြည့်ပြည့်လုံးလုံးလေးဖြစ်လာသည်။ ဗိုက်ကလေးမှာလဲနည်းနည်းလေးစူထွက်လာပြီဖြစ်သည်။

ကိုယ်ဝန်ကြောင့်ပဲလားမသိ..
ခုတလော..အသီးတွေပဲစားချင်နေသည်။

အိမ်ပေါ်ထပ်..နွေဦးနေတဲ့အခန်းပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ့..ခြံထဲကမာလကာပင်မှ..သီးနေသောမာလကာသီးကြီးများဟာ..နွေဦးကိုအမြဲ..စားပါစားပါဟု..ဆွဲဆောင်နေသယောင်..။

ခုချိန်လောက်ဆို..ကောင်းကောင်းပွနေလောက်ပြီ။

နွေဦးလည်း..မာလကာသီးအရမ်းစားချင်လာသောကြောင့်...အိမ်ပေါ်ထပ်မှနေ..ဖြေးဖြေးချင်း..သတိထားပြီး..ဆင်းလာလိုက်ကာ..ခြံထဲသို့သွားလိုက်သည်။

နှောင်ကြိုးလေး { Completed }Where stories live. Discover now