💗Extra(1)💗

8.5K 611 13
                                    

Unicode🐣

"ထက်ဦးမာန် တော်တော်ဆိုးနေပါလား ဖေဖေအပြင်မသွားခင်တုန်းကဘာပြောခဲ့လဲ"

"အပြင်ထွက်ပြီးမကချား(ကစား)ရဘူးလို့ပြောခဲ့ပါတယ်"

လက်လေးပိုက်ပြီးသူဘာမှမသိသည့်ပုံစံလေးဖြင့်ဖြေနေသောသားကိုကြည့်ပြီးခေါင်းခါမိသည်။

"​ဒါဆိုဘာလို့အပြင်ထွက်ပြီးကစားတာလဲ ကစားရင်လည်းအေးအေးဆေးဆေးကစားပါလား ဘာလို့ဟိုဘက်အိမ်ကပြတင်းပေါက်မှန်ကိုမှသွားခွဲရတာလဲ ငါတို့ခြံကအကျယ်ကြီးပါ ဘောလုံးကစားချင်ရင်ကြိုက်သလောက်ကစားလို့ရတယ် ဒါတမင်သပ်သပ်လုပ်တာ"

"ဖေဖေကလည်းတား(သား)ကမတော်တဆ.."

"တိတ်စမ်း ဘာမှထပ်မပြောနဲ့ မင်းအကြောင်းမသိရင်ခက်မယ် သာထက်သျှား! ဒီကိုလာခဲ့စမ်း"

"ဗျာ ဖေဖေ သားကိုဘာလို့ခေါ်တာလဲဟင်"

"ငါအပြင်မသွားခင်မင်းကိုဘာပြောခဲ့လဲ ညီလေးကိုကြည့်ထားပါလို့ ဟမ် ခုတော့ကောင်းသေးရဲ့လား ငါ့မှာခဏလေးစျေးသွားပါတယ် ပြန်လာတော့ပြဿနာတွေကတန်းစီလို့ "

နွေဦးရိပ်တစ်ယောက်ရှေ့ကသားတော်မောင်နှစ်ယောက်ကြောင့်သွေးတောင်စောင့်တက်ချင်လာပြီ။သားကြီးကအနေအေးသလောက်အငယ်​လေးကအရမ်းကိုဆော့သည်။အကိုကအမြဲအလုပ်ရှုပ်နေသောကြောင့်နွေဦးမှာသားနှစ်ယောက်နှင့်ခါးမှပုဆိုးတောင်မမြဲချင်တော့...

ပုစိလေးတွေကနေတဖြည်းဖြည်းကြီးပျင်းလာတာအခုဆိုသားငယ်လေးတောင်KG
တက်နေပြီ။သားကြီးက လေးတန်းရောက်
နေပြီးမူလတန်းကျောင်းသားကြီးဖြစ်နေပြီ။

သားငယ်​လေးကအရမ်းမွှေပြီးသူ့အစ်ကိုကြီးကလည်းသူ့ညီလေးလုပ်ချင်သမျှကိုအကုန်လုပ်ပေးသည်။နွေဦးမှာတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသောရပ်ကွက်ရုံးလည်းရောက်ရသည်။ဒင်းတို့မွှေသမျှပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလိုက်ဖြေရှင်းရသည်မှာရူးတောင်ရူးချင်နေပြီ။အကိုကမအားတော့သူကပဲဒိုင်ခံဖြေရှင်းပေးနေရသည်။တစ်နေ့မှပြဿနာမရှာရရင်မနေနိုင်သောငမွှေထိုးနှစ်ကောင်ပါ...

နှောင်ကြိုးလေး { Completed }Where stories live. Discover now