အပိုင်း [ ၂၂ ]

97K 10.4K 233
                                    

"This is my Fiance..."

"Oh...He's adorable"

သတို့သားနှင့်သတို့သမီးက ဦးမြတ်သော မိတ်ဆက်ပေးသော သူ့ကို
အပြုံးတွေနှင့်ကြိုဆိုကြသည်။

သူက ခုလိုမျိုး တစ်ခါမှ ဦးမြတ်သောနှင့်အတူ ပွဲမတက်ဖူးတော့ ရောက်ရောက်ချင်း နည်းနည်း အနေရခက်ပေမယ့် ဦးမြတ်သောက နံဘေးကနေ အစစအရာရာ ဂရုစိုက်ပေးတာကြောင့်
အနောက်တိုင်းရဲ့မင်္ဂလာပွဲမှာ တဖြည်းဖြည်းနှင့် နေသားကျလာ၏။

ဥယျာဥ်ထဲတွင် ကျင်းပသော Outdoor Weddingက အပြင်အဆင် ရိုးရှင်းသော်လည်း နှစ်ယောက်တစ်ဘဝ ပေါင်းစည်းကြသည့် မင်္ဂလာမောင်နှံ၏ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေသော အပြုံးတွေကြောင့် ခမ်းနားနေပါသည်။

အပြန်အလှန် ကတိသစ္စာပြုပြီးနောက် အနမ်းတွေ ဝေနေကြသော မင်္ဂလာမောင်နှံကို ကြည့်ကာ မိုင်မိုင်း ကြည်နူးမိ၏။

ကိုယ်တိုင်ပင်လျှင် လက်ထပ်ချင်စိတ်ပေါ်လာသဖြင့် သူ နံဘေးရှိ ဦးမြတ်သောကို မသိမသာလေး ငေးမိတော့ နက်ပြာရောင် Suitနှင့်ခံ့ညားနေသော လူကြီးက သူ့အား ရင်ခုန်သံတွေ မြန်လာစေသည်။

ထိုစဥ် ဦးမြတ်သောက သူ့ကို ငဲ့ကြည့်လာတော့ မိုင်မိုင်း ကပျာကယာ အကြည့် ပြန်လွှဲလိုက်ရ၏။ ယခု သူ့စိတ်ထဲမှာဖြစ်နေသည့် ခံစားချက်တွေကို သူ့မျက်ဝန်းတွေကနေတစ်ဆင့် ဦးမြတ်သောမာန် ဖတ်မိသွားမှာကို မိုင်မိုင်း ရှက်ပါသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

December 5.

မြတ်သောမာန်တို့ Wedding တက်ပြီး နောက်ရက်မနက်မှာ Zurich မှ Lauterbrunnen သို့ ရထားဖြင့်
ထွက်ခဲ့ကြ၏။

အအေးမှတ်က -1°C ဖြစ်ပြီး ရထားထွက်စကတည်းက နှင်းတွေ တဖွဲဖွဲ ကျနေခဲ့တာဖြစ်သည်။

မြတ်သောမာန် သူနှင့် မျက်နှာချင်းဆိုင်ရှိ ကောင်လေးကို ကြည့်လိုက်တော့
မှန်ပြတင်းနား ကပ်ကာ အပြင်ဖက်ကို ငေးနေသော မျက်နှာလေးက ပြုံးလျက်ရှိ၏။

သူလည်းပဲ စားပွဲပေါ်ရှိ ပူပူနွေးနွေး ကော်ဖီတစ်ခွက်ကို သောက်ဖို့ မေ့လျော့ကာ ယခုလို ငြိမ်းချမ်းသည့် အခိုက်အတန့်လေးကို ခုံမင်နေမိသည်။

မိုင်Where stories live. Discover now