အပိုင်း [ ၂၄ ]

98.8K 10.3K 357
                                    

မိုင်မိုင်းတို့ ခရီးသွားတာ တစ်ပတ်ခန့်ကြာခဲ့ပြီး ဒီဇင်ဘာ ၉ရက်နေ့မနက်တွင် အိမ်ကို ပြန်ရောက်ကြသည်။ ဒုတိယနှစ်ရဲ့ပထမ စာသင်နှစ်ဝက်က ၁၁ရက်နေ့ ဖွင့်မည် ဖြစ်၍ သူ ခရီးသွားနေစဥ်ကာလအတွင်း ခွန်းဒီပက သူ့အတွက်ပါ ကျောင်းအပ်ပေးထား၏။

"ကိုယ် ညနေ စောစောပြန်လာမယ်နော်"

"ဟုတ်ကဲ့ဗျ"

ခရီးက ပြန်ရောက်ရောက်ချင်းပဲ ဦးမြတ်သောက Company ကို သွားရတော့ မိုင်မိုင်းတစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့သည်။ မိုင်မိုင်းလည်း ခဏနားပြီးတာနှင့် ခရီးဆောင်အိတ်ကိုရှင်းလိုက်၏။ သူ ခရီးမှာ ဝတ်ခဲ့သည့် အဝတ်အစားတွေကို လျှော်ရမှာမို့ ဦးမြတ်သောရဲ့အဝတ်တွေကိုပါ တစ်ခါတည်း လျှော်ပေးဖို့ စိတ်ကူးမိသည်။

သူက အရင်ကတည်းက ကိုယ့်အဝတ်ကိုယ် လျှော်ဝတ်နေကျဆိုပေမယ့် ဦးမြတ်သောကတော့ အဝတ်တွေကို ပင်မင်းပို့လေ့ရှိတာ ဖြစ်သည်။ သူက လျှော်ပေးမည်ဟု ခဏခဏပြောဖူးသော်လည်း ဦးမြတ်သောက

"ကိုယ့်အဝတ်တွေကို လျှော်ပေးတာအထိတော့ မလုပ်ပါနဲ့...မင်း ကိုယ့်အတွက် မနက်စာ၊ညစာ ပြင်ပေးရတာနဲ့တင် အားနာလှပြီ" ဟု ဆိုသဖြင့် မလျှော်ပေးရခြင်းပင်။

အခုတော့ မိုင်မိုင်းတို့နှစ်ယောက်က အားနာရမည့် ဆက်ဆံရေးမဟုတ်တော့ဘူးဟု ယူဆကာ သူ ဦးမြတ်သောရဲ့ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးချင်သည်။

သူ ဦးမြတ်သောရဲ့အခန်းထဲကို မဝင်ခင် Message တစ်စောင် အရင်ပို့လိုက်၏။

"ကျွန်တော် ဦးမြတ်သောရဲ့ခရီးဆောင်အိတ်ထဲက လျှော်ရမယ့်အဝတ်တွေ ယူချင်လို့ အခန်းထဲဝင်လို့ရမလားဗျ"

မိုင်မိုင်း Reply အကြာကြီး စောင့်ရမည်ဟု ထင်လိုက်ပေမယ့် ဦးမြတ်သောက မိနစ်ပိုင်းအတွင်း စာပြန်လာပါသည်။

"ကိုယ် နောက်မှ ပင်မင်းပို့လိုက်မယ်လေ"

"ကျွန်တော့်အဝတ်တွေလည်း လျှော်ရင်း တစ်ခါတည်းလျှော်မလို့ပါဗျ...စက်နဲ့လျှော်တာမို့ ဘာမှအပန်းမကြီးပါဘူးဗျ"

"ဒါဆိုလည်း ကိုယ် မိုင့်ကို  အကူအညီတောင်းပါတယ်...Underwearတွေတော့ ကိုယ့်ဘာသာလျှော်မှာမို့ ထားခဲ့လိုက်နော်"

မိုင်Where stories live. Discover now