Episode 2, Misunderstanding

2.6K 252 18
                                    

UNICODE
(Zawgyi below)

Irene ။ ။ "Chaeyoungနဲ့ သူနဲ့က အတော်ချစ်ကြတာတဲ့၊ Jinyongစေ့စပ်ထားခဲ့ပေမဲ့ သူ Chaeနဲ့ internဘဝမှာ စတွေ့ပြီး ကြိုက်ခဲ့တာ သုံးနှစ်ရှိပြီတဲ့လေ။ ပြီးခဲ့တဲ့လပိုင်းက Jinyongနဲ့စေ့စပ်ထားတာကိုဖြတ်ဖို့ ထုတ်ပြောလိုက်တော့ သူတို့ကို အထောက်အပံ့ပေးနေတဲ့ Jinyongအဖေကုမ္ပဏီနဲ့ ဆက်ဆံရေးလည်းပျက်သွားတယ်။ သူက မိန်းကလေးတစ်ယောက်ကို ချစ်နေတာမို့ သူတို့သားကို အရှက်ရစေသတဲ့၊ အမေရိကမှာ သူအများကြီးကြုံခဲ့ပြီးမှ ဒီကိုပြန်လာကြတာ။အခုလည်း သူ့အဖေဆီက အမွေရတဲ့ law farmရဲ့ အခြေအနေကို ပြန်ထိမ်းသိန်းပြီး အခြေပြန်ခိုင်အောင်လုပ်ဖို့ ကြိုးစားနေရတာ"

Song ။ ။ "အဲ့ဒီChaeyongဆိုသူအတွက် သူ့မိသားစုနဲ့ပါ ရင်ဆိုင်ခဲ့တာလား၊ ပြီးတော့ တခြား အသိုင်းအဝိုင်းကလူတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာပေါ့..."

သူတို့ပြောနေတာတွေကို ကြားနေပေမဲ့ ဘာမှဝင်မပြောနိုင်ပဲ မှိုင်တွေနေမိတယ်။

Yeri ။ ။ "Jen, you ok?"

Jen ။ ။ "ဟင်?"

Yeri ။ ။ "ငါ့အထင် ဒီတစ်ခါသူ့ဘေးကလူကို သူတကယ်ချစ်နေပုံပဲ၊ နင် ဒီထက်ပိုမခံစားချင်ရင် လက်လျှော့လိုက်သင့်ပြီ"

Jen ။ ။ "ဟင့်အင်း ငါအဆင်ပြေပါတယ်"

Bobby ။ ။ "နင်ကလည်းဟာ လောကမှာ ကြိုက်စရာလူ အဲ့လောက်ရှားလား"

Jen ။ ။ "သူကလွဲပြီး တခြားသူမချစ်နိုင်တော့ဘူး၊ သူ့ကိုဘယ်သူမှ ငါ့လောက်မချစ်နိုင်ပါဘူး, ဒါကြောင့်ဒီတစ်ခါ ငါလုံးဝ နောက်မဆုတ်တော့ဘူး"

Song ။ ။ "နင်စနိုက်ကြော်ဖို့စဉ်းစားနေတာလား"

Jen ။ ။ "စနိုက်ကြော်တာမဟုတ်ဘူး၊ ငါက ကလေးဘဝထဲက သူ့ကိုသဘောကျမိခဲ့တာ၊ ငါက သူ့ကို အားလုံးထက်အရင် ချစ်မိခဲ့တာ၊ ဘယ်လောက်ပဲ အနေဝေးခဲ့ ဝေးခဲ့ ငါ့ရင်ဘတ်ထဲမှာ သူပဲရှိတယ်၊ အရင်တုန်းကနဲ့မတူတော့ဘူး။ ငါ့အချစ်တွေကို သူ့ဆီရောက်အောင်ပေးမယ်။ အခု သူက မိန်းကလေးတွေကို စိတ်ဝင်စားမှန်းသိလိုက်ရလို့ ပိုတောင်ကောင်းသေး။ Kim Jennieဆိုတဲ့ ငါက အရင်လို မဟုတ်တော့ဘူး။ ငါ့အချစ်အတွက် လုံးဝလက်မလျှော့နိုင်တော့ဘူး။ ဘယ်လောက်ပဲနာကျင်ရပါစေ အဆင်ပြေတယ်"

My Love, It's You! {Completed}U+ZWhere stories live. Discover now