Episode 17, Proposal for Life

2K 200 32
                                    


.
UNICODE
.

၁၁လကျော် ကြာခဲ့ပြီ။ စိတ်ကောက်လိုက်၊ ချော့လိုက်၊ သဝန်တိုလိုက်၊ အပြန်အလှန် သဝန်တိုလိုက်၊ ကြည်နူးလိုက် အနမ်းတွေပေးလိုက်၊ ဖက်အိပ်လိုက်နဲ့....

"အင်း... unnieနဲ့ ၁၁လကျော်သွားပြီရယ် တစ်နှစ်ပြည့်တော့မယ်..."

"အံမယ် ဒီကလေးမ ပီတိတွေဖြစ်နေတာမလား"

"Hee appaကလည်း...ဒါနဲ့ Appa..."

"အေး"

"ဟိုလေ..တစ်နှစ်ပြည့်မတိုင်ခင်လေးတင် unnieမွေးနေ့ရှိတယ် သိလား...အဲ့တာ appaတုန်းက ommaကို ဘယ်လိုလက်ဆောင်တွေပေးခဲ့လဲဟင် သမီးရော ဘာပေးရမလဲ သမီးကို အားကိုးချင်လာအောင်၊ ပိုချစ်လာအောင်လေ"

ဒီလိုမိဘ ဘယ်မှာရှိမလဲ။ သူ့သမီးကို girlfriendထားတာ မကန့်ကွက်တဲ့အပြင် ချွေးမလောင်းကိုလည်း ကြိုဆိုနေတာမျိုး။ ဒါကြောင့်လည်း Jen သူ့ကိုယ်သူကံကောင်းတယ်လို့ခံစားရတယ်။

"အဖေတို့ခေတ်နဲ့ ဘယ်တူတော့မလဲကွ၊ သမီးမမ အကြိုက်တွေ သမီးမသိဘူးလား"

"သိတာပေါ့ အခုက သူသမီးကို အားကိုးချင်လာအောင် ကြိုးစားချင်တာ"

"အဲ့တာမျိုးကျ လက်ဆောင်နဲ့ဘယ်ရမလဲ အပြုအမူတွေနဲ့ သက်သေပြရတယ်ကွ၊ နေပါဦး သမီးတို့မှာ ဘယ်သူက ... ဘယ်ရာထူးလဲ? အဖေ ပြောတာက..."

"ဟာ အဖေကလည်း...တော်ပြီ သွားအိပ်တော့မယ်"

*အဖေက တစ်မျိုး၊ ဟိုအရင်က အမေကလည်း တစ်မျိုး၊ ဘာတွေထင်ကြမှန်းမသိဘူး။ ဒီက အခုထိ ဖြူဖြူစင်စင် ခန္ဓာကိုယ်လေး ရှိနေတုန်းဟာကို...ငါ့ unnieက အရင်ဆုံး သူ့မိဘနဲ့မိတ်ဆက်ပေးပြီးမှ အဆင့်တက်မယ်ပြောလို့ ငါတောင် စောင့်နေရတုန်း...ဟွန့်*

"သမီးရေ! ရှက်မသွားပါနဲ့ဟ ငါလည်း တက်နိုင်သမျှ အဆင်ပြေတဲ့စကားလုံးရွေးမေးတာပဲ၊ သိချင်လို့ဟာကို...အား!"

သူ့နောက်စေ့ကို သတင်းစာလိပ်နဲ့ကောက်ရိုက် ခံလိုက်ရတယ်။

"မိန်းမ!"

"ရှင်ကလေ ကလေးကို ရှက်အောင်"

"မင်းရုပ်ရှင်ကြည့်နေတယ်ထင်တာ"

"ကျွန်မ အကုန်ကြားပါ့ ရှင်တို့ပြောသမျှကို"

My Love, It's You! {Completed}U+ZWhere stories live. Discover now