Episode 3, Why not me?

2.2K 249 18
                                    

UNICODE
(Zawgyi below)

"hello"

"Chae, နင့်အသံက ဘာဖြစ်နေတာလဲ၊ နင်အခု ဘယ်မှာလဲ"

"Lisa?"

"နင်ညဘက်အိမ်ကထွက်သွားပြီး ပြန်မရောက်သေးဘူးလို့ ‌နင့်အမေပြောတယ်၊ ဘယ်တွေသွားနေတာလဲ"

"ငါ...ငါ barမှာ...လာ...လာခဲ့မလား၊ သောက်နေကျ barလေ...ငါ့ဆီလာခဲ့နော် အတူသောက်ရအောင်"

"နင့်အသံက အခုထဲက အတော် မူးနေသလိုပဲ၊ ငါချက်ချင်းလာခဲ့မယ် အဲ့မှာပဲစောင့်နေနော်"

"အင်း...မြန်မြန်လာခဲ့ အတူမူးကြရအောင်"
________

"Chae, တော်တော့ မသောက်နဲ့တော့"

"မရဘူး၊ ငါ အားလုံးကိုမေ့ပစ်တဲ့အထိ မူးချင်တယ်၊ နင်စဉ်းစားကြည့်ဟာ သူဘာလို့ ငါ့ကို ညာတာလဲ ပြောတော့ တစ်ယောက်ထဲ အလုပ်မှာ ရှိမယ် ဆိုပြီး အခုကျတော့ တခြားသူပခုံးပေါ်မှီရင်းချစ်တယ်လေး ဘာလေးနဲ့....ငါ့ကို လုပ်ရက်တယ်ဟာ...ငါမှာတော့ သူ့အတွက် အဖေတို့နဲ့ ပြဿနာတွေဖြစ်ခဲ့ရတာ....."

ပြောရင်းကနေ အော်ငိုပြန်တယ်။  Lisaလည်း သူ့ကို ထိန်းမရ။

"နောက်နေ့မှ သူနဲ့တွေ့ပြီး သေချာပြောမှပေါ့၊ သူတစ်ခုခုဖြေရှင်းနိုင်ဖို့ မျှော်လင့်ရတာပဲလေဟာ မဟုတ်ရင်တော့ နင့်ဘက်က ပြတ်သားဖို့လိုတယ်...အခုတော့ ဒီကနေပြန်သင့်ပြီ"

"Lalisa...အရူး...နင်ငါ့ကို ကြိုက်တယ်မလား၊ ငါ့ကို မကြိုက်နဲ့ဟ...ငါက...ငါက အဲ့ဒီရက်စက်တဲ့ Unnieကိုမှ ချစ်နေမိတာ..."

"Chaeyoung...ငါက နင်ပျော်တာကိုပဲလိုချင်တာ၊ သူ့ကြောင့် နင်ဒီလို ခဏခဏ ဖြစ်နေရင် ငါ့အတွက်လည်း အဆင်မပြေဘူး"

"သူငါ့ကို သစ္စာဖောက်မှာတော့ မဟုတ်လောက်ပါဘူးနော်...နင့်အတွက် အဆင်မပြေသလို ငါ့အတွက်လည် အရမ်း...အရမ်း...နာကျင်ရတယ်...Kim Jisoo...ငါ့ကို သစ္စာမဖောက်ပါနဲ့!!"

နောက်တစ်ခွက်မော့လိုက်ပြီးတော့ သူလည်းလုံးဝမှောက်သွားတော့တာပဲ။ Lalisaသက်ပြင်းချမိတယ်။

"Chaeyoung ya...နင် ဒီတိုင်း ငါ့ကိုရွေးချယ်ခဲ့သင့်တယ်"

Chaeကို ကားထဲထိ တွဲခေါ်ခဲ့တယ်။ ပြီးတော့ ယာဉ်မောင်းဘက်မှာ သူဝင်ထိုင်လိုက်တယ်။ ကားမမောင်းခင် သူမကို ခါးပတ်အရင်ပတ်ပေးလိုက်တယ်။ ခါးပတ်ပတ်ပေးရင်း Chaeမျက်နှာနဲ့သူအရမ်းနီးကပ်သွားတယ်။ အိပ်ပျော်နေတဲ့ အဲ့ဒီကောင်မလေးကိုကြည့်ရင်း နှုတ်ခမ်းတွေကို ငေးနေမိတယ်။ စိတ်ကိုထိန်းခဲ့တာ အတော်ကြာပါပြီ။ ဒါပေမဲ့ အရမ်းကိုနီးကပ်နေတဲ့ လက်ရှိအနေအထားကြောင့် သူထိန်းချုပ်ထားတာတွေ လျော့ကျသွားခဲ့ရတယ်။

My Love, It's You! {Completed}U+ZWhere stories live. Discover now