Episode 16, Sensitive Love

2.2K 202 37
                                    

UNICODE

ဒီနေ့ Jennieတို့ အိမ်မှာ macaroonလုပ်စားကြတယ်။ Sundayမို့ Jisooလည်းသူတို့အိမ်မှာပဲ။ အတူမုန့်လုပ်ပေးဖို့ ရောက်နေတာပေါ့။

မုန့်နှစ်ကို ကာလာတင်ပြီးတော့ သမအောင်နယ်ပေးဖို့ Jenကပြောတယ်။ သူ့အတွက်ဒါပထမဆုံးလုပ်ဖူးတာပဲ။ Jenအမေက သူတို့နှစ်ယောက်ကိုလွှတ်ထားပြီး အိမ်ရှေ့မှာTVသွားကြည့်နေတယ်။ တကယ်က ရှောင်ပေးတာဆိုပါတော့။

"unnieဘယ်လိုလုပ်နေတာလဲ အင်္ကျီလက်ကို ခေါက်ထားရမှာပေါ့၊ ပေကုန်တော့မှာပဲ"

အင်္ကျီလက်တစ်ဖက်ကို ဆွဲတင်ပေးလိုက်ပြီး နောက်တစ်ဖက်ကို ဆွဲတင်ပေးဖို့ လက်ကို သူ့လက်မောင်းအောက်လျှိုထည့်လိုက်တော့ သူတစ်ချက်တွန့်ပြီး လှည့်ကြည့်လာတယ်။ အင်္ကျီလက်ကို ဆွဲတင်ပေးပြီးတာတောင် မဖယ်သေးပဲ နောက်ကနေဖက်ထားလိုက်တယ်။ သူ့ပခုံးပေါ်ကိုမေးတင်ထားလိုက်တယ်။

"ချစ်တယ်"

"လာချွဲနေပြန်ပြီ"

"Jenကိုချစ်လား"

အဟမ်း!

ရေလာသောက်တဲ့ အမေ့ချောင်းဟန့်သံကြောင့် ဖက်ထားရကနေခွာပြီး မျက်နှာပိုးသတ်လိုက်ရသည်။

"Macaroonတွေ အရမ်းမချိုစေနဲ့နော် ငါချောင်းဆိုးနေလို့ အဟမ်း"

"ဟုတ်omma"

အမေပြန်ထွက်သွားတော့

"မေးတာဖြေဦးလေ"

Sooက အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တယ်။ လူကြီးနှစ်ယောက် TVကြည့်နေကြတယ်။
အပေါက်ဝကနေ ကွယ်ရာကို ဆွဲခေါ်သွားပြီး Jenနှုတ်ခမ်းလေးကို peakတွေ ၄၊ ၅၊ ၆ခါ ၇ခါပေးပစ်လိုက်တယ်။

"ချစ်တာပေါ့၊ အသည်တွေယားလိုက်တာ"

ပါးလေးကို ဖိနမ်းလာပြန်ရော။

Jenက သူ့ကို တင်းနေအောင်ဖက်ထားလိုက်တယ်။

"ချစ်လားပဲ မေးတာကို အသားယူလိုက်တာလွန်ရော"

"မကြိုက်လို့လား"

"ဟင့်အင်း ကြိုက်တယ်၊ အရမ်းအရမ်း ကြိုက်တယ်၊ ပြီးတော့ ချစ်တယ်"

My Love, It's You! {Completed}U+ZWhere stories live. Discover now