Episode 18, Best Present

2K 184 2
                                    

.
UNICODE

.

ကားပေါ်တွင်ဖြစ်သည်။ Jisooမိဘတွေ အိမ်ကနေပြန်လာကြချိန် ည ၉နာရီတောင်ထိုးတော့မယ်။

"Jen, မင်း ကိုယ့်ကို မွေးနေ့လက်ဆောင်လည်းမပေးပါလား"

"Hee...မိသားစုတွေရှေ့မှာ မပေးပဲ နှစ်ယောက်ထဲရှိချိန်မှာ ပေးမလို့"

"ဘာများလဲ"

"အိမ်ရောက်မှ၊ unnieဒီနေ့ ငါ့အိမ်မှာပဲ အိပ်တော့လေ၊ နော်"

"အိုကေ...အတူအိပ်ရမှာလား...အင်း ထူးဆန်းတဲ့လက်ဆောင်လား..."

"တကယ် ဆန်းပြားတဲ့လက်ဆောင်၊ မနေ့က ဘာဝယ်ရမလဲ ခေါင်းစားနေခဲ့တာ၊ နောက်တော့ အကြံရပြီး လိုတာတွေအမြန်ဝယ်ပြီး တစ်ညနေလုံးရော ညလုံးပေါက်ရော ပြင်ဆင်ထားတာ"

"Wow...သိချင်နေပြီ"

"unnieကြိုက်မယ်လို့ မျှော်လင့်တာပဲ"

"မင်းဆီက အနမ်းလေးတပွင့်ပဲ ရမယ်ဆိုရင်တောင် အဲ့တာက ငါ့အတွက် best birthday presentဖြစ်နေဦးမှာပဲ အချစ်လေးရဲ့"

"Arr yoo...ရင်ခုန်အောင်ပြောတတ်လိုက်တာ"
____________

သူတို့Jenအိမ်ရောက်တော့ Jenမိဘတွေကို ခပ်မြန်မြန် နှုတ်ဆတ်လိုက်တယ်။ ပြီးတာနဲ့ Jenက သူ့အခန်းထဲကို ဆွဲခေါ်သွားတော့တာပဲ။ မေမေ၊ ဖေဖေ တို့ကတော့ ပြုံးစိစိ ကျန်ခဲ့ကြလေရဲ့။
_____________

အခန်းထဲရောက်တာနဲ့...

"unnie, မျက်လုံးကို ခဏအဝတ်စည်းမယ်နော်"

"ဟမ်?...အင်း...အင်း..."

သူ့မျက်လုံးကို အဝတ်နဲ့စည်းပြီးတော့ Jenက အခန်းမီးတွေကို ပိတ်လိုက်တယ်။ Jenပစ္စည်းတချို့ကို ခပ်မြန်မြန် တပ်ဆင်နေတဲ့ အသံကြားတယ်။ ၁မိနစ်ကျော်လောက်အတွင်း အားလုံးပြီးသွားတယ်။

"မျက်လုံးဖွင့်လိုက်တော့ unnie"

Sooအဝတ်ကို သူက ဖယ်ပေးတယ်။ မြင်လိုက်ရတာက အခန်းမျက်နှာကြက်မှာ လေဆာမီးရောင်လေးတွေထွန်းထားတယ် နံရံပေါ်မှာ ပိတ်ကားတစ်ခု။ ပိတ်ကားဆီ PowerPointထောက်ထားပြီး ပုံရိပ်တွေကိုပြနေတယ်။ Jisooရဲ့ပုံတွေ၊ သူနဲ့ နှစ်‌ယောက်အတူရိုက်ထားတဲ့ စုဲတွဲပုံတွေရောပေါ့။

My Love, It's You! {Completed}U+ZWhere stories live. Discover now