Prologue

4.6K 273 2
                                    

(Zawgyi)

ကျွန်တော့်နာမည်က ပက်ခ်ဂျီမင်းတဲ့...။ ပါးဖောင်းဖောင်းလေးနဲ့ သိပ်ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပေါ့...။

ချစ်စရာကောင်းတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် မိဘနောက်ခံအသိုင်းအဝိုင်းရော ပညာအရည်အချင်းရော ပြောစရာမလိုအောင်ပြည့်စုံတဲ့သူ...။ လူအများအားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့သူ...။ လိမ္မာရေးခြားလည်းရှိတာကြောင့် မိဘဆရာသမားတွေရဲ့ အချစ်တွေကိုပါ အပိုင်စားရထားသူ...။

ထိုသို့သောကျွန်တော့်ရဲ့ များပြားလှသောပိုင်ဆိုင်ခြင်းတွေထဲကမှ ကျွန်တော်တန်ဖိုးအထားရဆုံးကတော့ ကျွန်တော့်ရဲ့ချစ်သူ.... ဟိုဆော့ကီပါပဲ...။

တက္ကသိုလ်တစ်ကျောင်းတည်း အတူတက်တာချင်းမှာ အတန်းကြီးတဲ့သူနဲ့ကျွန်တော်က စီနီယာဂျူနီယာ ဆက်ဆံရေးကနေ ချစ်သူတွေအဖြစ် အဆင့်တက်သွားကြခြင်းသာ...။ သူပြောတာကတော့ ကျွန်တော့်ကို fresher welcome မှာ စတွေ့ကတည်းက သဘောကျခဲ့တာတဲ့...။

ကျွန်တော်ကရောဘာထူးလို့လဲ...။ အတန်းရှေ့မှာ အခေါက်ခေါက်အခါခါ ဖြတ်လျှောက်နေတဲ့သူ့ကို သတိထားမိရာကနေ ချစ်မိသွားတာ....။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ ကျွန်တော်တို့ရဲ့အချစ်ခရီးလမ်းက သာယာဖြောင့်ဖြူးလွန်းနေတယ်....။

သို့်သော်............... အမြဲတမ်းသာယာနေရင် ပျင်းစရာကောင်းမှာစိုးလို့လားမသိဘူး...။ ကံဇာတ်ဆရာက ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကြောင်ဆိုးတစ်ကောင်ကို ထည့်ပေးခဲ့တယ်လေ...။

"ဆော့ဆော့ရေ... ငါနဲ့အတူရုပ်ရှင်သွားကြည့်ပါ့မယ်ဆို အဲဒါဘာလုပ်နေတာလဲ....??"

ချစ်ရသူနဲ့အကြင်နာအနမ်းတွေဖလှယ်ခါနီးမှာ အနားကပ်ကာကြားရတဲ့ ကြောင်ဆိုးအော်သံကြောင့် ကျွန်တော့်မှာလန့်ဖြန့်တုန်တက်မိတဲ့အထိ...။ ကြောင်ဆိုးကတော့ မှုန်ကုတ်ကုတ်နဲ့ ကျွန်တော်တို့ကိုကြည့်လို့ပေါ့....။

"အာာ.. ယွန်းဂီရယ်... ငါမိုချီလေးနဲ့ ဒိတ်လုပ်မလို့"

"မရဘူး... မရဘူး... မင်းကတိပေးပြီးသားကို ဖျက်လို့မရဘူးလေ... ငါရုပ်ရှင်လက်မှတ်ဝယ်ပြီးသား... ခုချက်ချင်းလိုက်ခဲ့"

My Naughty Kitten (Completed) Onde as histórias ganham vida. Descobre agora