Part - 7

1.2K 170 1
                                    

(Zawgyi)

ကြောင်ဆိုးရည်းစားရသွားတာ တော်တော်လေးအဆင်ပြေတယ်ပဲ ပြောရမလား... ဂျီမင်းအနေနဲ့ သူ့ချစ်သူဟိုဆော့ကီနဲ့ တွေ့ရတဲ့အချိန်တွေ ပိုများလာခဲ့တယ်...။ အခုဆိုရင်ထပ်ဆောင်းအနေနဲ့ ဟိုဆော့ကီက ဂျီမငိးကိုကျောင်းအပြန်တိုင်း အိမ်လိုက်ပို့ပေးတတ်နေပြီ...။

ကြောင်ဆိုးကတော့ ထယ်ယောင်းနဲ့အတူတူပြန်တယ်တဲ့လေ...။ ဟိုဆော့မောင်းတဲ့ကားကို လိုက်စီးရတာက ဂျီမင်းအတွက်ပျော်ရွှင်မှုတစ်ခုပါ...။ စိတ်ကောင်းရှိတဲ့ဂျီမင်းလေးက ဟိုအရှုပ်ထုတ်၂ကောင်ကို စိတ်ထဲကနေကျေးဇူးတင်မိသေးတယ်...။

ဟော.. အရှေ့မှာဂျီမင်းလေးနေတဲ့တိုက်ခန်းကို လှမ်းမြင်နေရပြီ....။ ရောက်သွားတာလည်း မြန်လိုက်တာ... ဒီလိုမှန်းသိရင် ကျောင်းနဲ့ဝေးဝေးမှာ တိုက်ခန်းငှားနေပါတယ်လို့ စဉ်းစားမိလိုက်သေးတယ်...။ ခုတော့လည်း ရှိပါစေတော့လေ...။ ဂျီမင်းလေး ကားပေါ်ကနေဆင်းရတော့မှာပေါ့ အဟင့်...။

"ညကျရင်ဖုန်းဆက်မယ်နော် ကိုယ့်ရဲ့မိုချီလေး"

"ဟုတ်ကဲ့.. ကားကိုဂရုစိုက်မောင်းနော်ဟိုဆော့ကီ"

ခါးပတ်ကိုဖြုတ်ကာ ကားပေါ်ကဆင်းဖို့ပြင်တဲ့ဂျီမင်းကို ဟိုဆော့က လက်လှမ်းဆွဲထားတော့ ဂျီမင်းလည်း အူကြောင်ကြောင်လေးနဲ့ ပြန်လည့်ကြည့်မိတယ်...။ တဖြည်းဖြည်းနီးကပ်လာတဲ့ ဟိုဆော့ရဲ့မျက်နှာကြောင့် ဂျီမင်းလည်း မျက်ဝန်းတွေကို အသာမှေးမှိတ်လိုက်တယ်...။ နူးညံ့တဲ့အနမ်းရှည်တစ်ခု နှုတ်ခမ်းထက်မှာဖြစ်ထွန်းသွားတဲ့အခိုက်က ပျော်ရွှင်စရာအကောင်းဆုံး အချိန်တစ်ခုပါပဲ...။

"ချစ်တယ် ကိုယ့်ရဲ့မိုချီလေး"

"ပိုချစ်တယ်ဟိုဆော့ကီ"

သူ့စကားကြောင့် ဟိုဆော့ရဲ့နှုတ်ခမ်းတွေ တွန့်ကွေးပြီးပြုံးသွားတာက သိပ်ကိုကြည့်လို့ကောင်းလွန်းတယ်...။ ဒါပေါ့ ဘယ်သူမဆိုကိုယ့်ချစ်သူက ကိုယ်ချစ်တာထက်ပိုချစ်တယ်ဆိုရင် ပျော်ကြမှာပဲလေ...။ ထိုစကားအတွက် ဟိုဆော့အထွန့်မတက်ပါ...။ သို့သော်လည်း ပိုမချစ်လို့တော့မဟုတ်ကြောင်း ချစ်သူဂျီမင်းက နားလည်နေတာပဲကို...။

My Naughty Kitten (Completed) Where stories live. Discover now