Part - 6

1.3K 170 1
                                    

(Zawgyi)

Seoul university ရဲ့မနက်ပိုင်းက ထုံးစံအတိုင်း လှပစွာသက်ဝင်လှုပ်ရှားနေတယ်...။ လမ်းတလျှောက်သွားလာနေကြတဲ့ ကျောင်းသားများရဲ့ တစ်ယောက်တစ်ပေါက် စကားသံတွေကြောင့် အတန်ငယ်ဆူညံသလိုရှိနေပေမယ့်လဲ စိတ်ကြည်နူးစရာကောင်းနေပြန်တယ်...။

အဆောင်ရှေ့နားကအုတ်ခုံပေါ်မှာထိုင်နေတဲ့ ထယ်ယောင်းကတော့ သူ့အတွေးနဲ့သူ ပြုံးတုံ့တုံ့လေးဖြစ်နေတယ်...။ ယခင်က playboy တစ်ယောက် ဖြစ်ခဲ့ဖူးသူမို့ ခုထက်ထိလည်း မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် သူကတော့ သိပ်အာရုံထားပုံမရ...။ လာနှုတ်ဆက်ရင်သာ ပြန်နှုတ်ဆက်လိုက်ပြီး သူ့မျက်ဝန်းအကြည့်တွေက အဆောင်ပြင်ဘက်ကို လှမ်းမျှော်ငေးနေတယ်...။

ပူပူနွေးနွေးချစ်သူလေးနဲ့အတူ ကျောင်းလာချင်ပေမယ့်လည်း ချစ်ရသူကြောင်ပေါက်လေးကတော့ဖြင့် သူ့အိမ်ကလူကြီးတွေသိမှာစိုးလို့ဆိုပြီး မလာခိုင်းပေ...။ တခါတလေကျတော့ သူ့ဘေးမှာအမြဲပါလာတတ်တဲ့ ကြောင်အဖေကြီးဟိုဆော့ကိုတောင် မနာလိုဖြစ်ချင်မိတယ်...။ တော်သေးတာက သူ့မှာလဲချစ်သူရှိနေပေလို့...။

ကိုယ့်ကြောင်ပေါက်လေးကို ဘယ်သူနဲ့မှစိတ်မချတာ ထယ်ယောင်းအပြစ်တော့ ဟုတ်လိမ့်မယ်မထင်...။ ကြောင်ပေါက်လေးက သိပ်ကိုချစ်စရာကောင်းလွန်းနေတာကိုး...။ ဒါကိုများ ဟိုအပုကောင်ဂျီမင်းက ကြောင်ဆိုးတဲ့...။ သူရုပ်ဆိုးတိုင်း သူများရဲ့ကြောင်ဖြူသေးသေးလေးကို အားကြီးနဲ့ပြောချတယ်...။

နေပါစေလေ.. ထယ်ထယ်လေး လျော်ပေးလိုက်ပါတယ်...။ ကိုယ့်ပိစိကို ဘယ်သူမှသဘောမကျလေ ပိုကြိုက်လေပဲ...။ ဒါမှသဝန်တိုခြင်းကင်းစွာနဲ့ ကြောင်ပေါက်လေးကိုချစ်ရမှာ....။ လူဆိုတာလဲအခက်သားလေ... ကိုယ်သာရှုပ်ချင်ရှုပ်မယ် ကိုယ့်ချစ်သူကိုကျတော့ ဖြူဖြူစင်စင်လေးဖြစ်စေချင်တာမလား...။ ဘာပဲဖြစ်ဖြစ် ကြောင်ပေါက်ရဲ့ first love ဖြစ်ရတာကို ထယ်ထယ်လေးဂုဏ်ယူတယ်....။

ဟော.. ပြောရင်းဆိုရင်း အဆောင်ရှေ့နားကပါကင်မှာ ကားတစ်စီးရပ်လာတယ်...။ ကြောင်ဖေဖေကြီးဟိုဆော့ရဲ့ကားလေ...။ သူ့ကိုချစ်လွန်းလို့တော့မဟုတ်ပေမယ့် ကြောင်ပေါက်လေးက ထိုကားပေါ်မှာပါလာမှာမို့ မှတ်မိနေခြင်းပင်...။

My Naughty Kitten (Completed) Where stories live. Discover now