Part - 13

961 132 0
                                    

(Zawgyi)

သတင်းစာတွေ ဂျာနယ်တွေရဲ့ခေါင်းကြီးပိုင်းမှာ ပါလာတဲ့သတင်းတစ်ပုဒ်က ဂျီမင်းနဲ့ထယ်ယောင်းကို အကြီးအကျယ်သွေးပျက်စေတယ်...။

"Min Group ရဲ့တစ်ဦးတည်းသောသား မင်ယွန်းဂီနဲ့ Jung Corporation ရဲ့သားအငယ် ဂျောင်ဟိုဆော့တို့ စေ့စပ်ပြီးစီးခြင်း" တဲ့လေ...။ ထိုသတင်းကိုမြင်မြင်ချင်း ဂျာနယ်ကိုကိုင်ကာ ဂျီမင်းရဲ့အိမ်ကို အပြေးအလွှားရောက်လာသူက ထယ်ယောင်း...။

"ဘယ်လိုလုပ်ကြမလဲ... ဒါကြီးက နောက်နေတာမဟုတ်ဘူးမလား... တစ်ခုခုလုပ်ပါဦး... ငါ့ကြောင်ပေါက်လေး ပါသွားတော့မှာ"

ငိုသံပါကြီးနဲ့ထယ်ယောင်းပြောနေပေမယ့် ဂျီမင်းကတော့ နေရာကနေတစက်မှမလှုပ်...။ နဂိုတည်းက အနေအေးသူဖြစ်သလို မထင်မှတ်ထားတဲ့ကိစ္စလည်း ဖြစ်နေတာကြောင့် ရုတ်တရတ်ဘာပြောလို့ပြောရမှန်းမသိ...။ ဒီအတိုင်းငြိမ်နေလို့ကတော့မရ... တစ်ခုခုတော့လုပ်ရတော့မှာမို့ ထယ်ယောင်းကိုလှမ်းကြည့်လိုက်တယ်...။

"မင်း အစ်ကိုယွန်းဂီဆီ ဖုန်းဆက်ကြည့်ပြီးပြီလား"

"ဆက်တာပေါ့... စက်ပိတ်ထားတာနဲ့ပဲတိုးနေတယ်.. မင်းရဲ့ဟိုဆော့ကီကိုဆက်ကြည့်ဦး... ငါနံပါတ်မသိလို့"

ထယ်ယောင်းစကားကြောင့် ဂျီမင်းလည်းပျာပျာသလဲနဲ့ ဖုန်းထယူကာ ဟိုဆော့ဆီသို့ဖုန်းခေါ်လိုက်တယ်...။ သို့သော် စက်ပိတ်ထားသည်ဆိုတာချည်းသာ ပြန်ဖြေနေလေတယ်...။ ထယ်ယောင်းကိုပြန်မော့ကြည့်လိုက်တော့ သူကပခုံးတွန့်ပြတယ်...။

"ကြောင်ပေါက်က မနေ့ကဖုန်းဆက်တုန်းကတော့ သူခရီးသွားစရာရှိတယ်လို့ပြောတယ်... ငါလည်း သိပ်အရေးမကြီးဘူးထင်လို့ သေချာမမေးလိုက်တာ"

"တကယ်လား.. ဟိုဆော့ကီကလည်းငါ့ကို သွားစရာရှိလို့ ၃ရက်လောက်တော့ ဆက်သွယ်လို့မရလောက်ဘူး ပြောတယ်"

ယခုမှပြောပြဖြစ်ကြတဲ့ အကြောင်းရင်းတိုက်ဆိုင်မှုများ...။

"သူတို့တမင်လုပ်တာလို့ထင်လား.. ဘယ်ကိုရောက်ရောက် ဖုန်းဆက်မရရင်တောင် အင်တာနက်တော့သုံးလို့ရမှာပဲလေ"

My Naughty Kitten (Completed) Where stories live. Discover now