Part - 4

1.4K 195 0
                                    

(Zawgyi)

ဒီမနက်မှာလည်း ဟိုဆော့တစ်ယောက်ထုံးစံအတိုင်း ကြောင်စုတ်ရဲ့အိမ်ကို ရောက်လာပြန်တယ်...။ မနက်တိုင်းကျောင်းမသွားခင် သူ့အိမ်ကိုသွား... သူ့ကိုနှိုး... အတူတူမနက်စာစား... ကျောင်းသွားတာက အစဉ်အလာတစ်ခုဖြစ်လို့်နေလေပြီ...။

အိမ်ထဲရောက်တော့ သူ့အမေကရှိမနေ...။ ကြည့်ရတာ တစ်ပါတ်စာအတွက် ဈေးသွားဝယ်တာနေမှာပေါ့...။ ဒီအိမ်ကလည်း ကိုယ့်အိမ်လိုပင်ဖြစ်နေပြီမို့ ဟိုဆော့လည်း ယွန်းဂီရဲ့အခန်းသို့သာ တခါတည်းတန်းတက်လာခဲ့လိုက်တယ်...။ ကြောင်စုတ်ကတော့ ခုချိန်ထိအိပ်ကောင်းတုန်းနေမှာပေါ့...။

တံခါးကိုခေါက်မနေတော့ပဲ အသာတွန်းဖွင့်ဝင်လိုက်စဉ် လူမရှိတဲ့အိပ်ယာကိုသာမြင်တာကြောင့် ဟိုဆော့အံ့ဩသွားရတယ်...။ နောက်တော့မှရေချိုးခန်းဆီမှ ရေကျသံကြားရတာကြောင့် ကြောင်စုတ်အစောကြီးနိုးနေပြီမှန်း သိရတော့တယ်...။ ထူးဆန်းလိုက်တာ... ဒီနေ့ဘာနေ့မို့လို့ပါလိမ့်...။

"ရောက်လာပြီလား ဆော့ဆော့...??"

ရေချိုးခန်းထဲကနေ bathrobe တစ်ထည်ဝတ်ကာထွက်လာတဲ့ ကြောင်စုတ်...။ အမြဲလိုလိုမှုန်တိမှုန်ကုတ်မျက်နှာက ခုတော့လည်း သကာရည်လောင်းထားသလို ချိုမြလှပေစွ...။ တွေ့မြင်ရသမျှက အထူးအဆန်းချည်းပေမို့ ဟိုဆော့ပြောစရာစကားတွေ ဆွံ့အလို့ပေါ့...။

"ထူးထူးခြားခြားပါလား.. ဒီနေ့ဘာနေ့ပါလိမ့်"

"Wednesday လေ.. ဒါတောင်မသိဘူးလား"

ပက်ခနဲပြန်ပြောပြီး သူ့ဘာသာဗီဒိုဖွင့်ကာ အင်္ကျီရှာနေပြန်တဲ့ကြောင်စုတ်...။ ဟိုဆော့လည်း အူကြောင်ကြောင်နဲ့ပင် သူ့အိပ်ယာပေါ်ထိုင်ချလိုက်တယ်...။ ကြောင်စုတ်လေး စောစောသာထတာ အိပ်ယာတော့မသိမ်းထားဘူး...။ မနက်တိုင်းဟိုဆော့သိမ်းပေးနေကျမို့ အကျင့်ပျက်နေပြီလေ...။

"ဆော့ဆော့ ဒီအင်္ကျီလေးအဆင်ပြေလား...??"

အင်္ကျီတစ်ထည်ကို ကိုယ်ပေါ်ကပ်ပြရင်းမေးလာတဲ့ ကြောင်စုတ်လေးကို ဒီတစ်ခါလည်း ဟိုဆော့မျက်မှောင်ကျုံ့ကာ ကြည့်မိပြန်တယ်...။ အရင်ကဆိုအပျင်းတက်ပြီး ကိုယ်ထုတ်ပေးတဲ့အင်္ကျီကိုမှဝတ်တဲ့ ကြောင်စုတ်လေးက ခုကျတော့သူ့ဘာသာ အင်္ကျီရှာဝတ်နေပြီလား...။ ပြီးတော့ သူနဲ့အဆင်ပြေမပြေကလည်း မေးလိုက်သေးတယ်...။ တကယ်ဆို အအိပ်နဲ့အစားကိုသာစိတ်ဝင်စားတဲ့ ကြောင်စုတ်လေးက အဝတ်အစားကိုတောင် သူ့အမေဝယ်ပေးရတာမဟုတ်လား...။

My Naughty Kitten (Completed) Where stories live. Discover now