Part - 12

997 122 0
                                    

(Zawgyi)

ဒီနေ့အပြင်ထွက်ရတာ ဂျီမင်းမျက်ခုံးခပ်လှုပ်လှုပ်ပင်...။ အကြောင်းမှာ သူ့ကိုချိန်းဆိုထားသူက မင်ယွန်းဂီဖြစ်နေသောကြောင့်ပင်...။

မှတ်မှတ်ရရဟိုဆော့နဲ့ချစ်သူဖြစ်ပြီးကတည်းက သူနဲ့အဖွဲ့လိုက်မှာပဲ တွေ့ဆုံစကားပြောဖြစ်တာ... ခုလိုအပြင်မှာတွေ့ဖို့ချိန်းဆိုတာက ဒါပထမဆုံးပင်...။ သူ့ကိုလန့်နေတဲ့စိတ်ခံကြောင့် ဂျီမင်းရဲ့ခြေလှမ်းတွေက ခဲဆွဲထားသလိုလေးလံနေတယ်...။ ကြာနေလို့ကတော့မဖြစ်... တော်နေ သူစောင့်နေရလို့ဆိုပြီး ဂျီမင်းကိုစိတ်ဆိုးနေပါဦးမယ်...။

ချိန်းထားတဲ့ကော်ဖီဆိုင်လေးဆီရောက်တော့ ဆိုင်အပြင်ကနေမြင်ရတဲ့ စားပွဲတစ်ခုမှာ သူကထိုင်နှင့်နေလေပြီ...။ ဂျီမင်းကမန်းကတမ်းနဲ့ နာရီကိုကြည့်မိတော့ ချိန်းဆိုထားတာထက် ၁၀မိနစ်တောင်စောနေသေးတယ်...။ သူ့ဘာသာစောရောက်တာဆို အကြောင်းတော့မရှိပါ... ကိုယ်နောက်မကျရင်ပြီးတာပါပဲ...။

"အစ်ကိုယွန်းဂီ.. ရောက်နေတာကြာပြီလား...??"

ဂျီမင်းနှုတ်ဆက်လိုက်တော့မှ သူကစားပွဲပေါ်လက်ထောက်ရင်း ထိုင်ငေးနေရာကနေ အသိဝင်လာသလိုမော့ကြည့်တယ်...။ ပြီးတော့မှ မျက်လုံးတွေမှိတ်သွားတဲ့အထိ ရယ်ပြနေပြန်တယ်...။ အဟက်.. သွားသေးသေးလေးတွေ...။ ရယ်လိုက်ရင်တော့ ချစ်ဖို့ကောင်းသလိုလိုရှိသား...။

"ထိုင်လေဂျီမင်း... ဘာသောက်မလဲ..  ကြိုက်တာမှာ.. ငါဝယ်တိုက်မယ်"

"Mocha တစ်ခွက်ပဲ"

သူကအနားရောက်လာတဲ့ဝိတ်တာဆီမှာ ဂျီမင်းအတွက်ကော်ဖီမှာပေးလေတယ်...။ ခုထက်ထိတော့ ဘာမှမပြောသေးတာကြောင့် ဂျီမင်းမေးရကောင်းနိုး စဉ်းစားနေသေးတယ်...။ ၂ယောက်သား ဘယ်လောက်ကြာကြာ စကားမပြောပဲငြိမ်နေမိသည်မသိ မှာထားတဲ့ကော်ဖီတောင်ရသွားလေပြီ...။

"ဂျီမင်း.. သောက်လေ... မုန့်ရောစားဦးမလား"

"ဟင့်အင်း ဗိုက်မဆာလို့... ဒါနဲ့အစ်ကိုယွန်းဂီ ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ...??"

ဂျီမင်းစိုးရိမ်စိတ်မကင်းစွာနဲ့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာမေးတော့ ယွန်းဂီပြုံးလေတယ်...။ ကြောက်တယ် အဲ့အပြုံးတွေကို...။ တခုခုမဟုတ်တာ ကြံစည်ထားသလိုကြီး...။

My Naughty Kitten (Completed) Where stories live. Discover now