(Zawgyi)
ကားကိုအတန်အသင့်ကျယ်ဝန်းသော ခြံဝန်းအတွင်းသို့ တခါတည်းမောင်းဝင်လာခဲ့ပြီးမှ ဆင်ဝင်အောက်မှာ စက်သပ်လိုက်တယ်... နေ့တိုင်းနီးနီးရောက်နေကျအိမ်မို့ ဟိုဆော့နဲ့စိမ်းသက်မနေပါ...
"အန်တီ... ယွန်းဂီနိုးပြီလား...??"
"နိုးနေပါဦးမယ်... ဘယ်တုန်းကများ သူစောစောထဖူးလို့လဲ... သားပဲသွားနှိုးလိုက်ပါ"
မီးဖိုခန်းမှာမနက်စာပြင်ဆင်နေတဲ့ ယွန်းဂီရဲ့အမေကို နေ့တိုင်းအတွက်တူညီတဲ့အဖြေပဲ ပြန်ရမှာသိရက်နဲ့ ဟိုဆော့လှမ်းမေးလိုက်တယ်... ဒါကလည်း စကားမရှိစကားရှာကာ နှုတ်ဆက်ခြင်းသဘောပဲမလား... တကယ်တော့ ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်သာအသိဆုံး...
သူ့ခြေလှမ်းတွေရဲ့ဦးတည်ရာက အိမ်အပေါ်ထပ်ရှိ ယွန်းဂီရဲ့အခန်းဆီသို့... မနက်တိုင်း ကျောင်းသွားဖို့အတွက် လာခေါ်ပေးရတာကိုယ့်တာဝန်... ဒီလိုတွေလုပ်ပေးနေလို့လည်း ဒင်းလေးရောင့်တက်တာနေမှာ...
လော့မချထားတဲ့သူ့အခန်းကို ဟိုဆော့တွန်းဖွင့်ဝင်လိုက်တော့ တွေ့ရပါပြီ လူ၂ယောက်လောက် အေးဆေးအိပ်လို့ရတဲ့ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကြောင်စုတ်....
ဟုတ်တယ်... ကြောင်စုတ်... ဖြူဖြူသေးသေးလေးနဲ့ ချစ်စရာလေးပေမယ့် အသေဆိုးတဲ့ကြောင်စုတ်... သူ့မှာကလည်း သူငယ်ချင်းဆိုလို့ ကိုယ်တစ်ယောက်တည်းသာရှိတာကြောင့် သူဘာလုပ်လုပ်ကိုယ့်မှာ ခွင့်လွှတ်ပေးနေရတယ်... ဒါကလည်း မူကြိုကျောင်းမှာကတည်းက ပေါင်းလာခဲ့တဲ့ ငယ်သံယောဇဉ်ကြောင့်သာ...."ယွန်းဂီ.. ထတော့လေ.. ကျောင်းသွားရမယ်"
သူအိပ်နေတဲ့အိပ်ယာပေါ်တက်ထိုင်လိုက်ရင်း သူ့လက်မောင်းကိုကိုင်လှုပ်ကာ ဟိုဆော့နှိုးလိုက်တယ်... ဟော.. မျက်လုံးကမဖွင့်ပေးပဲ ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ လည်ပင်းကိုကုတ်နေပြန်တယ်... တကယ့်ကိုကြောင်စုတ်လေးနဲ့တူတာ...
"ငါးမိနစ်"
အိပ်ချင်မူးတူးနဲ့ပြန်ဖြေတဲ့သူ့ကြောင့် ဟိုဆော့ရယ်လိုက်မိသေးတယ်... ပြန်အိပ်ဖို့လုပ်နေတဲ့သူ့ရဲ့ ရင်ဘက်ပေါ်ကို ဟိုဆော့ခေါင်းအုံးအိပ်တော့ သူ့လက်သေးသေးလေးတွေနဲ့ ပြန်တွန်းထုတ်လာတယ်...
YOU ARE READING
My Naughty Kitten (Completed)
FantasyKim Taehyung x Min Yoongi Written By : JaejoongHtike