Part - 2

1.6K 197 4
                                    

(Zawgyi)

"လုပ်ပါဂျီမင်းရာ.. ငါ့ကိုကြောင်ပေါက်နဲ့မိတ်ဆက်ပေး"

မနက်ကတည်းက အိမ်ရောက်လာပြီးဂျစ်တိုက်နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး ဂျီမင်းအော်သာငိုလိုက်ချင်မိတယ်...။ သူလည်းမသိတာမဟုတ်.. ကိုယ်နဲ့အဲ့ကြောင်ဆိုး မတည့်ကြတာကို...။

"ထယ်ယောင်းရာ... နားတွေလည်းညီးလာပြီ...  မင်းသဘောကျရင် မင်းဘာသာသွားပြောလေ"

ထိုသို့ပြောလိုက်တော့လည်း နှုတ်ခမ်းကဆူသွားပြန်လေပြီ...။ ဘာလား... အဲ့ပုံစံနဲ့တော့ ၂ယောက်သားဖြစ်နေပါဦးမယ်...။ ကြောင်ဆိုးက ချေလိုက်တာမှလွန်ရောကို...။ ပြီးတော့ပိုဆိုးတာက သူကအကြီးဆိုပြီး ထယ်ယောင်းကိုအနိုင်ကျင့်မှာ မြင်ယောင်ပါသေးတယ်...။

"ကိုယ့်သူငယ်ချင်းကို ဒါလေးတောင်မကူညီချင်ဘူး... ငါကလည်း မိတ်ဆက်ရုံပဲ အကူအညီတောင်းတာကို.. မင်းစဉ်းစားကြည့်လေ.. ခင်သွားပြီးရင်က မင်းတို့အတွဲချိန်းတွေ့တုန်း သူရောက်လာခဲ့ရင် ငါအသာလေး ပ,ထုတ်သွားလို့ရတာပေါ့"

သူပြောတာလည်းဟုတ်နေတာကြောင့် ဂျီမင်းအတန်ငယ်တော့ စဉ်းစားနေမိတယ်...။ ပြောရရင်ကိုယ်နဲ့ကြောင်ဆိုးက စကားတောင်မှ ဆယ်ခွန်းပြည့်အောင်မပြောဖူးသူတွေ...။ သူရောက်လာတာနဲ့ ဟိုဆော့ကီကိုဆွဲခေါ်သွားတာပဲ.. ကိုယ့်မှာတားချိန်တောင် ရလိုက်တာမဟုတ်...။

သူနဲ့မခင်တဲ့အတွက် ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ဖို့အရေးက အခက်အခဲတော့ရှိတယ်...။ တော်ကြာကိုယ့်ကိုချေလွှတ်လိုက်မှ ပြဿနာ...။ ထယ်ယောင်းသာ သည်းခံချင်သည်းခံ ကိုယ်ကတော့ သည်းခံနိုင်မှာမဟုတ်...။

"ဘာတွေဒီလောက်စဉ်းစားနေတာလဲ ဂျီမင်း"

"မင်းတို့ကိုမိတ်ဆက်ပေးဖို့လေ... ငါနဲ့သူနဲ့ကခင်မှမခင်တာ... အဲဒါကြောင့်မို့လို့"

ဂျီမင်းရဲ့စကားကြောင့် ထယ်ယောင်းက ကျွတ်သပ်ရင်းခေါင်းခါပြတယ်...။ ဘာသဘောလဲ အဲဒါ...??

"တုံးတယ်ပြောရင်လည်း ကြိုက်မှာမဟုတ်ဘူး... မင်းနဲ့မခင်လည်း အစ်ကိုဟိုဆော့နဲ့ခင်တယ်လေ... သူတို့ကိုတစ်နေရာမှာချိန်းပြီး စကားပြောလို့ရတာပဲ... ဥပမာကွာ.. ငါ့မွေးနေ့ဆိုပြီး ၂ယောက်လုံးကိုချိန်းလိုက်"

My Naughty Kitten (Completed) Where stories live. Discover now