Part - 9

1.1K 144 7
                                    

(Zawgyi)

ကိုယ်လုံးပေါ်မှန်ရှေ့မှာ ထယ်ယောင်းရပ်နေတာ တော်တော်လေးကြာနေခဲ့လေပြီ...။ အရင်ကဆို မှန်ရှေ့ရောက်လေတိုင်း ကြွေရုပ်လေးတမျှလှလွန်းတဲ့ ကိုယ့်ရဲ့မျက်နှာကိုသာကြည့်ရင်း ကွန်းဖီးဒင့်လယ်ဗယ်ဆိုးဟိုက်နေခဲ့တာ...။ အခုတော့....
ဝတ်ထားတဲ့ရှပ်အင်္ကျီပွပွကို မသိမသာနဲ့အသာဆွဲမကြည့်တော့ ပေါ်လာတဲ့သစ်တော်သီးဗိုက်ကလေး...။

ဘုရားသခင်က ကင်မ်ထယ်ယောင်းလေးကို အရမ်း perfect ဖြစ်နေမှာစိုးလို့ထင်တယ်... သစ်တော်သီးဗိုက်ကလေးကို ခြွင်းချက်အနေနဲ့ထားပေးတယ်...။ အစကတော့ ထယ်ယောင်းလေးလည်း စိတ်ထဲမထားပဲ မေ့မေ့ပျောက်ပျောက်ပါပဲ...။ ပြဿနာက ၄ယောက်သားအတူသွားကြတဲ့ ကမ်းခြေခရီးစဉ်မှာစတာ...။

၎ယောက်သားရေအတူဆော့ဖို့ ကမ်းခြေကိုအဆင်းမှာတော့ ထယ်ယောင်းလေးရဲ့ကွန်ဖီးဒင့်တွေ ပျောက်ကွယ်သွားရရှာတယ်...။ အစကတော့ သူနဲ့တခန်းတည်းနေတဲ့ အပုကောင်ဂျီမင်းရဲ့ abs တွေကြောင့် စိတ်ထဲတမျိုးဖြစ်မိပေမယ့် ကိုယ်နဲ့မဆိုင်သလိုနေလိုက်တယ်...။ တစ်ဖက်ခန်းကနေထွက်လာတဲ့ ဟိုဆော့ကလည်း abs တွေနဲ့ဆိုတော့... အင်း.. နည်းနည်းတော့ မနာလိုသလိုလိုပေါ့...။ နောက်ဆုံးမှထွက်လာတဲ့ သူ့ကြောင်ပေါက်လေးသည်လည်း abs တွေမရှိသော်ငြား ချပ်ရပ်နေသော ဗိုက်သားဖွေးဖွေးလေးနဲ့...။

စိတ်ထဲအောင့်သက်သက်နဲ့ ထယ်ယောင်းတစ်ယောက် ကမ်းခြေကိုဆင်းလာရင်း ဟိုဆော့နဲ့ဂျီမင်းရဲ့ abs တွေကို မေ့ဖျောက်ထားလိုက်သေးတယ်...။ အဲဒီ့မှာပြဿနာစလုပ်တာက သူ့ကြောင်ပေါက်...။

ဟိုဆော့ရဲ့ abs တွေကို သဘောတကျလက်နဲ့ပွတ်နေတာများ ဘေးကကြည့်နေတဲ့ထယ်ယောင်းကို ဂျယ်လီတွေအတုံးလိုက်နင်စေတယ်...။ ခန္ဓီပါရမီရှင်ဂျီမင်းကတော့ သူ့ဘဲနဲ့ကိုယ့်ကြောင်ပေါက်ကို လှည့်လို့တောင်မကြည့်ပဲ ရေဆော့လို့ကောင်းနေဆဲ...။ ကိုယ့်မှာတော့ သစ်တော်သီးဗိုက်လေးကိုပျောက်ဖို့ ရေကူးအင်္ကျီလက်ရှည်နဲ့ ဖုံးကွယ်ထားလိုက်ရတာ...။

သူတို့၃ယောက်က ရေထဲမှာတဝုန်းဝုန်းနဲ့ ဆော့ကောင်းနေကြသလောက် မပျော်နိုင်သူက ထယ်ထယ်လေးပါ...။ တချက်တချက်ဆို ကြောင်ပေါက်လေးက ဟိုဆော့ရဲ့ကျောပေါ် တွယ်တက်သေးတယ်...။ ဟိုဆော့ကလည်း သူပြုတ်ကျမှာစိုးလို့ ပေါင်ကနေထိန်းကိုင်ထားသေး...။ ထယ်ထယ်လေး eye cross တွေ သိပ်ဖြစ်တာပဲ...။

My Naughty Kitten (Completed) Where stories live. Discover now