Part 7

52.5K 4.3K 91
                                    

VVIP❣

"ပြန်မယ်ဇွဲကို"

ဇွဲကိုအိပ်သည့်အခန်းထဲဝင်လာပြီး ဒေါသသံကြီးနှင့်ပြောလာသည်။

"ဗျာ"

"ဂျက်လေယာဉ်အသင့်ပြင်ခိုင်းထားလိုက်"

"ဟုတ်"

မျက်နှာကြီးနီကာဒေါသထွက်နေသည့်Bossကြောင့် အထွန့်လဲမတက်ရဲ။
သေချာတာကတော့ Bossရဲ့အလှလေးနဲ့ပတ်သက်နေပေလိမ့်မည်။

အပြေးအလွှားရောက်လာပြီး လိုချင်တာပြန်ယူပြီးသည့်နောက်
တဖက်ဂိုဏ်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်သည့်Boss။
အစကတော့ အေးအေးဆေးဆေးနားပြီးမှပြန်မည်ပြောပြီး
အခုတော့ မိုးတောင်ကောင်းကောင်းမလင်းသေး ပြန်မည်တဲ့။

မအားသည့်ကြားကပင် ဖုန်းဖွင့်ကြည့်လိုက်တော့
မင်းသမီးတစ်ယောက်နဲ့နှစ်သစ်ကူး၏ ပုံတို့က ပလူပျံလို့။
အော် ဒါကြောင့်ကိုဟုသာ မှတ်ချက်ချလိုက်သည်။
ဒီတခါတော့ Boss အတည်ကြီးကြွေသွားတာဖြစ်မည်။

"ဇွဲကို နေခဲ့မလို့လားမင်းက"

"လာပြီBoss"

ဂျက်လေယာဉ်ပေါ်က Bossလှမ်းအော်သည်မို့ ဖုန်းအမြန်ပိတ်ကာ
ပြေးလာရတော့သည်။
ပြောရတာမဟုတ်ဘူး ထားပစ်ခဲ့မှဒုက္ခ။

"ရောက်တာနဲ့ ဟိုတယ်ကိုသွား မင်္ဂလာပွဲအတွက်လိုအပ်တာအကုန်ပြင်ဆင်လိုက်"

"ဗျာ ဘယ်သူ့အတွက်လဲBoss"

"ပြန်မမေးနဲ့ အကောင်းဆုံးဆိုတာတွေပဲပြင်ဆင်ထား"

"ချက်ချင်းကြီးရပါ့မလားBoss တခြားမင်္ဂလာပွဲတွေရှိနေနိုင်တယ်"

"ရှိလဲဆွဲထုတ်ပစ်လိုက်"

"ဗျာ"

ကိုယ်ပိုင်တဲ့ဟိုတယ်ဆိုပြီး အဲ့လိုလုပ်ရသလားဟုသာမေးလိုက်ချင်သည်။
သေမှာကြောက်လို့သာ။
မဟုတ်မှ Bossများမင်္ဂလာဆောင်မလို့လား။

ဇွဲကို ကိုယ့်အတွေးကိုသဘောကျမိသည့်နောက်
တစ်ဖက်ကကောင်လေးကိုသနားသွားရသည်။
Bossစိတ်နဲ့တော့ ကောင်လေးသနားပါတယ်။

မလုပ်ပါနဲ့Bossရယ်လို့လဲမပြောရဲဘူး။
Bossသေနတ်က လူရွေးတာမဟုတ်တော့။
ဘာဖြစ်ဖြစ် ဟိုကောင်လေးက သူ့တက်လမ်းသူကြိုးစားနေတာပဲမဟုတ်လား။
Bossဟာလေ အကုန်လိုက်အူတိုနေတော့တာပဲ။
❣️

🔥VVIP🔥 (Completed)Wo Geschichten leben. Entdecke jetzt