Extra 🌚🌚🌚

48.6K 2.2K 133
                                    

VVIP❣️

"ဘဲကြီးရေ……ဗျို့ဘဲကြီး"

ဟုတ်ကဲ့ ကျနော်မောင်နှစ်သစ်ကူးပါ။
အခုဆိုရင်ဖြင့် နှစ်ယောက်မရှိ အလွန်အလိုလိုက် အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားသည့် ချစ်လှစွာသော ကျနော်၏ယောကျာ်း
တစ်မိုးအောက်မှာ ဖိနပ်ပါးအောင်လိုက်ရှာရင်တောင် တစ်ဦးတည်းသာတွေ့နိုင်သော လင်တော်မောင် သစ်ကူးလေး၏ အချစ်တက်ဆုံးသော ယောကျာ်းဦးမာန်ဟုန်ခွင်းကို အော်ခေါ်နေရတာပါ။

"ယောကျာ်းရေ ……ကျနော့် အချစ်တုံးကြီးရေ"

"လာပြီကူးရေ……ဘာလို့ အရမ်းအော်နေတာလဲကွာ
လည်ချောင်းတွေနာနေတော့မှာပဲ"

ခေါ်တာတမ်းမလာလို့ စိတ်ဆိုးမယ်ကြံကာမှ အကဲလွန်ကာစိတ်ပူနေသည့် ဘဲကြီးကြောင့် ပိတိဖြာကာ အီးတွေပါ ပါချင်သွားရသည်။

"ပြော ဘာလို့ခေါ်တာလဲ"

"လွမ်းလို့……"

"အချွဲလေး……ခဏလေး အဝတ်လျှော်နေတာကိုကွာ
လွမ်းရင်ရေချိုးခန်းထဲဝင်လာလို့ရတာကို"

ထိုအခါ သစ်ကူးမျက်လုံးထောင့်ကပ်၍ကြည့်လိုက်သည်။
ဒီအကြံကို မသိရအောင် သစ်ကူးလေး ရူးနေတာမှမဟုတ်တာ။

"ရေချိုးခန်းထဲ လိုက်လာရင် ခင်ဗျားကြီးကစားတော့မှာကို"

နှုတ်လေးထော်ကာပြောလာသည့် အလှလေးဟာ အသဲယားဖွယ်အတိ။
တခါတလေ ချွဲလို့သာချွဲတာ အရင်အတိုင်း အဖြောင့်ဆိုပြီး ကြွေးကြော်တာက နည်းနည်းမှမပြောင်းဘူး။
ဖြောင့်လွန်းတဲ့ဓားတွေသာ မီးပုံထဲကြာကြာထိုးပြီး ပုံဖော်ကွေးလို့ရချင်ရမယ် မာန့်ရဲ့အလှလေးကတော့ ဘယ်လောက်ထိုးထိုး……အဲ……ဘယ်လိုပြောရပါ့……ဘယ်လောက် ဟိုဒင်းပုပု မကွေးလာဘူး။

"အချစ်ကလေးက အစားခံချင်လို့ လွမ်းတယ်ပြောတာမဟုတ်ဘူးလား"

"ဘယ်ကလာ……ညောင်းလို့ လွမ်းတယ်ပြောတာ
လာပါအုံး ချစ်ယောကျာ်း ကျနော့်ကိုနှိပ်ပေးအုံး"

နှုတ်ခမ်းကိုပြွစ်တ်ခနဲအနမ်းပေးကာ လူကိုခိုင်းစားတော့သည်။
အခုပဲ အလှလေးဘောင်းဘီတွေ လျှော်ပေးလာတာကို အခုနှိပ်ပေးပါအုံးတဲ့။
ခင်ဗျားတို့ ဘယ်လိုထင်လဲ။ အလှလေး လွန်တယ်လို့မထင်ဘူးလား။
ကိုယ့်ဘောင်းဘီကိုတောင် လျှော်မဝတ်ချင်တဲ့အလှလေးက အိမ်ကူခေါ်ပြီး လျှော်ခိုင်းမယ်ဆိုတော့လဲ မရဘူးတဲ့။
မာန်ကိုယ်တိုင်ပဲလျှော်ပေးစေချင်တာတဲ့။
သူ့အလုပ်တွေအကုန် ဒီယောကျာ်းလုပ်ပေးတာပဲ လိုချင်သတဲ့။
ကဲ ပြော……ခင်ဗျားတို့အထင်။ အလှလေး လွန်သလား မလွန်ဘူးလား။

🔥VVIP🔥 (Completed)Where stories live. Discover now