Part 25

36.9K 3.1K 94
                                    

VVIP❣️

"ဟဲ့ အကောင်ရေထစမ်းပါဟဲ့
နှစ်သစ်ကူးရေ"

မာတာမိခင်ဟာ သမက်တော် အရေးပေါ်အခြေအနေဖြစ်သည်ဆိုတဲ့
သတင်းကြောင့် သစ်ကူးကိုအိပ်ယာနိုးနေတာ ဆယ့်သုံးခါတိတိ။

"သစ်ကူး ဟဲ့ကောင်လေး ထစမ်းဆို"

"မေမေရာ ဘာလို့အဲ့လောက်အကဲပိုနေတာလဲဗျာ"

"ဟဲ့ ပိုရတယ် ငါ့သမက် နင့်ယောကျာ်းဟဲ့
သွားကြည့်ရမယ် အခုထတော့"

"မေမေတို့စိတ်ကူတယ် မဟုတ်လား မေမေတို့သွားလိုက်
ကျနော်စိတ်မပူလို့ ကျနော်မလိုက်ဘူး
အလုပ်အားတဲ့ရက်လေး ကောင်းကောင်းအိပ်ပါရစေဗျာ"

ဟုတ်တယ်လေ။ရုပ်ရှင်ကားအတွက် တအားကြိုးစားထားရတာမို့
သစ်ကူးအတော်လေးပင်ပန်းသည်။
ကိုယ့်ဝါသနာကိုမို့သာ မစွန့်ပယ်တာ။
ဇာတ်ကားပြီးသွားပြီမို့ အေးအေးဆေးဆေးနားမယ်ကြံတော့ လင်ကသေနတ်မှန်ပြန်သတဲ့။
ကြက်တူရွေးက ကဲကဲ မယ်တော်တွေက သဲသဲ။
သောက်ကဲပိုတယ်ဆိုပြီးပြောပြန်ရင်လဲ ရုပ်ချောတဲ့သစ်ကူးကပဲ
မသနားတက်ဘူးဖြစ်အုံးမယ်။

အမှန်တကယ်လဲ သစ်ကူးကမသနားတက်ဘူး။
သနားတာတစ်ခုပဲရှိတယ် ကိုယ်ဖြစ်ချင်တာတွေမလုပ်ရသေးဘဲယောကျာ်းရသွားလို့ ကိုယ့်ကိုကိုယ်အသနားဆုံးပဲ။

တပွစိစိပြောနေတဲ့မေမေက စောင်ခြုံထဲကမထသည့် သစ်ကူးကိုလက်လျှော့သွားသည်။

"နင်ဟာလေ……ကိုယ့်ယောကျာ်းကိုစိတ်ပူရကောင်းမှန်းမသိ
ဟိုကသေသွားရင် နင်ပဲတစ်ခုလပ်ဖြစ်မှာ"

"တစ်ခုထဲလပ်တာပဲ အများကြီးမှမဟုတ်တာ
လပ်နေတဲ့ဟာလဲ မိန်းမယူပြီးဖြည့်လိုက်မှာပေါ့
တကယ်တည်း မေမေဘာကိုစိတ်ပူနေတာလဲ"

"နင့်ကိုပဲပူနေရတာဟေ့
ခေါင်းမာလွန်းတဲ့နင် ဘယ်နေ့ သေနတ်နဲ့ပစ်သက်ခံရမလဲပဲပူနေရတယ် အိမ်ထောင်ကျလို့ ပြောင်းလဲမလားမှတ်တယ် ဒုံရင်းပဲ"

"ပြောင်းလဲရအောင် ကျနော်ချစ်လို့ယူထားတာမို့လား
မေမေတို့ဘာသာ အဲ့ဘဲကြီးကို ကြောက်ပြီး ကျနော့်ကိုထိုးပေးလိုက်တာလေ"

🔥VVIP🔥 (Completed)Where stories live. Discover now