Part 38

29.5K 2.5K 72
                                    


VVIP❣️

အိပ်ယာပေါ်တွင် ကို့ရို့ကားယားအိပ်ပျော်နေသည့်
အလှလေးအနားရောက်သွားတော့ စူးနံလွန်းသည့် အရက်နံ့က နှာခေါင်းဝစီ အလုံးအရင်းဝင်လာသည်။

ဘယ်လောက်များသောက်လိုက်ပါ့လိမ့်။
မာန်တောင် ဒီအသက်အရွယ်အထိ အဲ့လို အနံ့လှိုင်လှိုင်ထအောင်မသောက်ဘူးသေး။

နေ့လည်ကအဝတ်စားတောင်မလဲနိုင်အောင်
မူးပြီးအိပ်ပျော်နေတဲ့အလှလေးကို မငြိုငြင်ရက်နိုင်။
ပေါ့ပေါ့ပါးပါး အဝတ်တစ်ထည်ထုပ်ကာ လဲပေးလိုက်သည်။
အကျီ င်္ကြယ်သီးတွေတပ်နေပေးခိုက် မျက်လုံးဖွင့်လာသည့်အလှလေးကြောင့် မာန်ပြုံးရင်းဖြင့်……

"ငမူးလေး နိုးပြီလား"

"အင်း ပြန်လာပြီလား
ကျနော်ခင်ဗျားကိုမျှော်နေတာ"

အမူးမပြေသေးတာမို့ အသံကမပီမပြင်။

"ကိုယ်ပြန်မလာလို့ သောက်လိုက်တာတော့
မဟုတ်ဘူးမို့လား"

"သောက်ချင်လို့ စိတ်ညစ်လို့သောက်လိုက်တာ"

"ဟင် စိတ်ညစ်တယ်……ကူးဘာစိတ်ညစ်နေလို့လဲ
ကိုယ့်ကိုပြော……ကိုယ့်ကြောင့်လား"

"အင်း……ခင်ဗျားကြောင့်
ခင်ဗျားချစ်ရလို့ ကျနော်အရမ်းပင်ပန်းပြီး
အရမ်းစိတ်ညစ်ရတယ် ကျနော်ခင်ဗျားကိုမချစ်ချင်တော့ဘူး"

"ဘာလို့လဲကူးရယ်
ကူးဖြစ်ချင်တာကိုယ့်ကိုပြောမှပေါ့"

တုန်ခါသွားသည့်ရင်ဘတ်ကို လျစ်လျူရှုကာ အပြုံးမပျက်ပါဘဲ မာန်မေးလိုက်ရသည်။
မချစ်ချင်တော့ဘူးဆိုတဲ့စကားက မာန့်ရင်ဘတ်ကို သေနတ်နဲ့အချက်ပေါင်းများစွာပစ်လိုက်တာထက် နာကျင်စေတယ်ဆိုတာအလှလေးသိနိုင်ပါ့မလား။
ကိုယ့်ကိုချစ်ရတာ တကယ်ပဲပင်ပန်းသတဲ့လား ကိုယ့်အချစ်ရယ်။

"ခင်ဗျားသိလား ခင်ဗျားရဲ့အောက်ကနေပြီး ငြီးပေးနေတဲ့ကျနော်ကနိမ့်ကျတယ်တဲ့ ယောကျာ်းချင်းတောင်
ခင်ဗျားလုပ်သလိုခံရတဲ့သူဆိုပြီး ကျနော့်ကို စော်ကားတယ်
ခင်ဗျားရော ကျနော့်ကို အထင်သေးနေလား"

မေးရက်လိုက်တာကူးရယ်။
ကိုယ်ကဘယ်လိုစိတ်နဲ့များ အထင်သေးရက်ပါ့မလဲ။
ကူးကိုဘယ်လောက်တောင်ချစ်ရလဲ။
ယောကျာ်းချင်းမို့ ရွံပါတယ်ဆိုတဲ့ကူးက
မာန့်ကိုပြန်ချစ်လာတော့ ဘယ်လောက်တောင်ပျော်ခဲ့ရလဲ။

🔥VVIP🔥 (Completed)Where stories live. Discover now