Part 18

46K 3.3K 221
                                    

VVIP❣️

သစ်ကူး မနက်ကတည်းက ဘယ်မျက်ခုံးတွေလှုပ်နေတာဖြစ်သည်။
ရေချိုးတုန်းကတောင်သီချင်းဆိုလိုက်မိသေးတာ

"ဘယ်မျက်ခုံးတွေလှုပ်တယ် လှုပ်တယ်
အထုပ်အပိုးတွေနဲ့ကျုပ်အမျိုးတွေတော့လာပြီထင်တယ်😉"

လာစရာအမျိုးမရှိတာမို့ လာချင်းလာဘဲကြီးပဲပြန်လာမှာ။
ဘဲကြီးသွားတာ တစ်ပတ်တောင်ရှိပြီ။
ဟိုတနေ့ကဖုန်းပြောပြီးကတည်းက ဖုန်းတောင်ထပ်မဆက်ဘူး။
ငလူးမသားကြီးကနေနိုင်လိုက်တာ။

"သစ်ကူး ငါဒီနေ့စိတ်ခံစားချက်မကောင်းဘူး"

"ဘာလို့လဲကိုနိုင်
ကိုနိုင်ကြိုက်နေတဲ့ ဝက်သားဒုတ်ထိုးသယ်အမကြီးလင်နောက်လိုက်သွားလို့လား"

"မင်းကလဲလုပ်တော့မယ်
ငါသူ့မကြိုက်ပါဘူးဆိုကွာ"

စဉ်းစားကြည့်ကြအုံးလေ။
တစ်ရက်က သစ်ကူးနဲ့နှစ်ယောက် ပျင်းလို့ညနေဘက်လမ်းလျှောက်ရင်း လမ်းထိပ်ကဒုတ်ထိုးသည်စီမှာ ဒုတ်ထိုးဝယ်စားမိတာလေ။
အဲ့မှာ ဒုတ်ထိုးသယ်အမကြီးက သစ်ကူးကိုအပိုထည့်မပေးဘဲ
ဒီကလူပျိုကြီးကိုပဲ ကျွေးလိုက်တာလေ။

အဲ့ဒါကိုဗျာ ကိုနိုင်အဲ့အမကိုကြိုက်နေလို့ ဒီဆိုင်မှာစားတယ်ဆိုပြီး
ပြောမဆုံးတော့ဘူး။
မနာလိုစိတ်ကြီးမားချက်ကနော် သူ့ကိုမကျွေးတိုင်း။

"ငါစိတ်ခံစားချက်မကောင်းတာက ဒီလို
ငါ့ခေါင်းကြီးတအားကိုကျိမ်းနေတာ
ခေါင်းများကွဲတော့မလားမသိဘူးကွာ
ပြီးတော့ ဒီနေ့မင်းလူကြီးလာမယ်လို့ထင်နေတယ်
ငါရင်လေးလိုက်တာကွာ
ဖြစ်နိုင်ရင်လေ မင်းတစ်ယောက်ထဲရှူတင်သွားပါလားကွာ"

"ဖြစ်ရလေဗျာ ရတယ်လေ ဒါဆိုကျနော့်ကိုလိုက်ပို့ပြီးရင်
ကိုနိုင်ပြန်ပေါ့ ညနေပြန်လာရင် မမခက်ကိုလိုက်ပို့ခိုင်းလိုက်မယ်"

"မင်းပါးစပ်ကမမခက်လို့ထွက်တိုင်း
ငါကျက်သီးထတယ် အခုလောက်ဆို ဟိုပုံတွေလဲမင်းဘဲကြီးမြင်ပြီးလောက်ပြီ"

"ဘာပုံတုန်း"

"ဘာပုံရမှာတုန်း
မော်ဒယ်နှစ်သစ်ကူးနဲ့ မင်းသမီးခက်ခက်နွယ်သွေးတို့
နေ့လည်အတူစားကြတယ်ဆိုတဲ့သတင်းပုံတွေလေ"

🔥VVIP🔥 (Completed)Where stories live. Discover now