Part 23

37.1K 3.2K 194
                                    

VVIP❣️

Plz!!အသက်မပြည့်ရင် မဖတ်ပါနဲ့နော်🤭

မမခက်နဲ့စကားပြောနေတုန်း ရုတ်တရက်ကြီး အနားပေါ်လာသည့် ဘဲကြီးကြောင့် သစ်ကူးလန့်ဖျတ်သွားရသည်။
သေနေ့များစေ့ပြီလားဆိုပြီး ဘုရားတမိသည်။
သေချာပေါက်ဘဲကြီးဒေါသထွက်နေပြီ။

"ကူး……"

"ဟာ…ကိုကို…လာလာထိုင်
ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

သစ်ကူးလဲ ဝမ်းသာအားရပင် ဘဲကြီးကို အနားထိုင်ခိုင်းလိုက်သည်။
စောစာက ဒေါသထွက်နေတဲ့ဘဲကြီးက မျက်နှာကြောနည်းနည်းလျော့သွားသည်။
တယ်တော်တဲ့ငါ။
ကိုယ့်ယောကျာ်းအကြောင်းကိုသိတာပေါ့။

"ကိုကို နေ့လည်စာလာစားတာလား
ကိုဇွဲကိုရောမပါဘူးလား"

"ပါတယ် ကူးကရော ဘာလာလုပ်တာလဲ"

"ဒီမှာလေ ကူးကို မမခက်က နေ့လည်စာဝယ်ကျွေးလို့လာတာ
ကိုကိုကအစည်းဝေးတက်နေတော့ ကူးကလှမ်းပြီးခွင့်မတောင်းရတာ ကူးကိုမဆူပါနဲ့နော်"

မျက်နှာလေးကို အတက်နိုင်ဆုံးသနားစရာဖြစ်အောင်ငယ်ထားပြီး
အသံကိုလဲ မယားငယ်တုံးပိကားကျိတ်လှည်းနင်းထားတဲ့အသံနဲ့ပြောလိုက်သည်။

"ကိုကိုက ကူးလေးကိုဆူစရာလားကွာ
မဆူပါဘူး ကြည့်ပါအုံးကွာ ငိုတော့မဲ့အတိုင်းပဲ"

ပါးလေးကိုချစ်စနိုးဆွဲကာပြောလာသောဘဲကြီးက သစ်ကူးပြောတာကို အတော်လေးသဘောခွေ့နေဟန်တူပါသည်။
သောက်ကျိုးနည်း ကိုယ့်အသံကိုတောင် ပြန်နားမထောင်ချင်တာ ဒီဘဲကြီးက ကျေနပ်နေတာတဲ့လား။

"ကိုကို……ကူးသေချာမိတ်ဆက်ပေးရအုံးမယ်
ဒါကကူးနဲ့အတူရုပ်ရှင်ရိုက်တဲ့ မင်းသမီးခက်ခက်နွယ်သွေးတဲ့ ကိုကိုသိတယ်မို့လား မမခက်ဇာတ်ကားတွေကြည့်ဖူးမှာပါ"

"ဟင့်အင်း ကိုယ်မကြည့်ဖူးဘူး
ကိုယ်က ကူးလျှောက်တဲ့showပွဲတွေပဲကြည့်တာ"

မာန်ခပ်ပြုံးပြုံးပင်ကူးကိုကြည့်ရင်းပြန်ဖြေလိုက်သည်။

"အယ် ကိုကိုကလဲ မမကိုအားနာစရာ"

"ရပါတယ် မောင်လေးရဲ့"

🔥VVIP🔥 (Completed)Where stories live. Discover now