Part 37

27.9K 2.4K 32
                                    


VVIP❣️

အိမ်ကိုပြန်ရောက်ရောက်ချင်း ကူးစီက အမေးစကားတစ်ခုထွက်ကျလာသည်။

"ခင်ဗျား တကယ်ပဲ ရင်သွေးလိုချင်သလား"တဲ့။

မေးသင့်တဲ့မေးခွန်းပေမဲ့ မာန်ဘယ်လိုပြန်ဖြေပေးသင့်လဲ။
မလိုချင်ဘူးလို့ပြောရင် လိမ်ရာကြတော့မှာပေါ့။
လိုချင်ပါတယ်ပြောလိုက်ဖို့လဲ မာန့်အတွက် ကူးကသာအရေးကြီးဆုံးမို့ စိတ်အနှောက်အယှက်မဖြစ်စေချင်။

"ကိုယ်လက်ထပ်ထားတဲ့ မင်းကယောကျာ်လေးတစ်ယောက်ပါကူး
ကိုယ်မလိုချင်တော့ဘူး ကိုယ့်အတွက် မင်းရှိနေရင်ရပြီ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိတ်ထဲမထားနဲ့"

"ကျနော်မေးတာ ခင်ဗျားကလေးလိုချင်သလားပဲလေ
ကျန်တာတွေမဖြေနဲ့ ခင်ဗျားအတွက် ကျနော်ကအရေးပါတယ်ဆိုတာ ကျနော်သိပြီးသားပဲ"

"ကိုယ်လက်ထပ်တဲ့အခါ
အဲ့ဒီယောကျာ်းကို ကိုယ်ဝန်ဆောင်ခိုင်ပြီး ကိုယ်တို့အတွက် ကလေးယူမယ်လို့ တွေးခဲ့ဖူးတယ် ဒါပေမဲ့ အဲ့ဒီအတွေးက မင်းကိုချစ်မိပြီးသွားတဲ့နောက်ပြောင်းလဲသွားပြီ ကိုယ့်ကိုပြန်ချစ်လာဖို့ အများကြီး
စဉ်းစားခဲ့ရတဲ့ ကူးကို ကိုယ်ကအဲ့လိုလဲမလုပ်ခိုင်းရက်ဘူး
အဲ့ဒါကြောင့် ကိုယ့်အနားမှာပဲနေပါ ကိုယ်သေတဲ့အထိလေ"

ခေါင်းတဆက်ဆက်ငြိမ့်ကာ ပြုံးသွားပြီး မာန့်အနားလျှောက်လာကာ
ရင်ခွင်ထဲကိုတိုးဝင်သည်။
အလိုက်သင့်ပြန်ဖက်ကာ နားရွက်ဖျားလေးတွေကိုနမ်းတော့
ရင်ဘတ်ကိုလက်သီးဖွဖွပစ်သွင်းသည်။

"ခင်ဗျား ကျနော့်ကို ရူးအောင်လုပ်နေတာလားဗျာ" တဲ့။

မင်းရူးဖို့မှမလိုတဲ့ ကိုယ့်အဖိုးတန်လေးရယ်။
ကိုယ်ကမင်းကို ရူးသွပ်လောက်အောင်ချစ်တာနဲ့တင်လုံလောက်နေပြီ။

"အဟမ်း……အဟမ်း……"

လုပ်ချောင်းသံနှင့်အတူ အိမ်ထဲဝင်လာကြသည့်ဇွဲကိုနဲ့ဝေယံ။

"ဟိုအကောင် ကြီးကောင်ကြီးမားနဲ့
ရင်ဘတ်ထဲလဲဝင်သွားအုံးမယ်"

"ဝင်တော့မင်းအပူလား ငပုရဲ့"

ပိုတိုးလို့ဖက်ကာ ပြန်ပြောသည့်အလှလေးက နားရွက်ဖျားလေးတွေနီနေပြန်သည်။
ဒါသူလေးရှက်ရမ်း ရမ်းနေတာ။

🔥VVIP🔥 (Completed)Where stories live. Discover now