မိုင်မိုင်း အိမ်အောက်ထပ်ရှိ Kitchenထဲတွင် မနက်စာ ချက်နေရင်း အိမ်ပေါ်ထပ်မှ ဦးမြတ်သော ဆင်းအလာကို မျှော်နေမိသည်။
မနေ့ညက သောက်လာသည့် ဦးမြတ်သောက ဒီမနက် ခါတိုင်းရက်တွေထက် အိပ်ရာထ နောက်ကျနေ၏။
သူ ဦးမြတ်သောအတွက် လီမွန်နှင့်ပျားရည်ကို ရေနွေးပူပူလေးဖြင့် ဖျော်တိုက်ဖို့လည်း အသင့်ပြင်ထားသည်။
"ကိုယ် ဘာကူရဦးမလဲ"
သူ မနက်စာပြင်လို့ပြီးချိန်မှ Dinning room ထဲဝင်လာသည့် ဦးမြတ်သောက
မနေ့ကနှင့်မတူဘဲ ဒီနေ့တော့
မျက်နှာကြည်နေတာမို့ မိုင်မိုင်းရဲ့ စိတ်ကလေး တည်ငြိမ် အေးချမ်းသွားရ၏။"ကျွန်တော် အားလုံးပြင်ပြီးပါပြီ...ဦးမြတ်သောက ဒါလေးတစ်ခွက် အရင်သောက်လိုက်ပါဦးဗျ...ညက မူးထားတော့ ခေါင်းနောက်နေတယ်မလား"
"ကျေးဇူးပဲ"
သူဖျော်ပေးသည့် ပျားလီမွန်ခွက်ကို လက်ခံယူပြီး သူ့အား စေ့စေ့ကြည့်လာသော ဦးမြတ်သောရဲ့မျက်ဝန်းတွေကို မိုင်မိုင်း ကြာကြာ ရင်မဆိုင်နိုင်ဘဲ မလုံမလဲဖြင့် မျက်နှာလွှဲလိုက်မိသည်။
"မိုင်မိုင်း"
"ဗျ"
"မနေ့ညက..."
"ဟုတ်"
သူ ခိုးနမ်းမိသည့်အကြောင်းကိုများ ပြောတော့မှာလားဟု မိုင်မိုင်းရဲ့ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပေမယ့်
"Party မှာ မိတ်ဆွေတစ်ယောက်က အတင်းတိုက်နေတာနဲ့ ကိုယ် နှစ်ခွက် သောက်ခဲ့တယ်...အရက်ကပြင်းတာရယ် ကိုယ် မသောက်ဖြစ်တာလည်း ကြာတာရယ်ကြောင့် မူးပြီး ပြန်လာမိတယ်...မင်း ကိုယ့်ကို စိတ်မကွက်ပါနဲ့လို့ ပြောချင်တာ"
ဟု ဦးမြတ်သောက ရှင်းပြလာတော့ မိုင်မိုင်း နားလည်မှု ရှိသည့်အပြုံးလေးဖြင့်
"ရပါတယ်ဗျ...အရင်ညက ကျွန်တော် ဦးမြတ်သောကို စိတ်ပူအောင်လုပ်မိတာကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်"
သူတို့ နှစ်ယောက်ကြား ပြေလည်မှုရသွားသည့်အခါ ဒီနေ့ မနက်စာ ထမင်းဝိုင်းက ကောင်းမွန်သည့် တစ်နေ့တာရဲ့အစ ဖြစ်ခဲ့ပါ၏။
![](https://img.wattpad.com/cover/219841639-288-k300933.jpg)