" ဂိုလ်း ပြန်လာပြီပေါ့ "
ကွန်ပိုက်ထမ်းလို့ ညိုလွလွအသားအရည်ရှိပြီး သန်မာတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားတဲ့ ဂိုလ်းဆိုတဲ့လူက အဘိုးအိုကိုပြန်လည်ပြုံးပြတယ် ။
ပါးမြိုင်းမွှေးအနည်းငယ်နှင့်အတူ နှုတ်ခမ်းမွှေးရေးရေးတို့ပေါက်ရောက်နေတဲ့မျက်နှာပြင်ဟာ နေရောင်အောက်မှာ ချောမောတဲ့အသွင်ကို ယူဆောင်ထားတယ် ။
" ငါးမရတာ ၂ပတ်ရှိပြီ ကျတော်ဖြင့်အံ့သြရပါတယ် "
ဂိုလ်းရဲ့စကားကိုအဘိုးအိုက တဟားဟားအော်ရယ်တယ် အလှောင်ခံလိုက်ရတာကို စိတ်ဆိုးခြင်းမရှိပဲ ဂိုလ်းက ပါ ထပ်တူ လိုက်ရယ်မောတယ်။
" မင်းရဲ့ကျွန်းမှာ ငါးတွေကုန် ကုန်တာများလား ငါဖြင့်လည်း အံ့သြ ရပါတယ်ကွာ "
ညဘက်ဆို လှိုင်းသံတွေက တဗုန်းဗုန်းနှင့် နေတာနှစ်တွေကြာလာတော့ ရေဒီယို လိုင်းဖမ်းလို့မမိတဲ့နေတွေဆိုရင်တောင် လှိုင်းသံကြားတာနဲ့လှိုင်းအတက်အကျကိုသူနေပြီ ။
ပြင်သစ်နိုင်ငံထဲက လူသိနည်းနည်းတဲ့ကျွန်းပိစိလေးကို ဂိုလ်းကအပိုင်ဝယ်ယူထားတာဖြစ်တယ် ။ မြို့နဲ့အတော်လေးအလှမ်းဝေးပြီးပင်လယ်နဲ့အတော်လေးနီးကပ်တယ် မုန်တိုင်းကျတဲ့ရက်တွေဆို လေတွေကြမ်းပြီး သူ့အိမ်ရယ် တံငါအိုလင်မယားဖြစ်တဲ့ ဝီလျံနဲ့ ကွမ်း တို့ရဲ့အိမ်လေးသာ အကောင်းတိုင်းရှိပြီး အခြားသော သစ်ပင်အရွယ်အစားစုံလင်စွာက ပုံပျက်ပန်းပျက် ပြိုလဲပျက်စီးနေတယ်။
မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေဝယ်ချိန်ဆို ဝီလျံနဲ့ဂိုလ်းက တစ်ယောက်တစ်လှည့် မာဒရစ်လို့ခေါ်တဲ့ မြို့မှာ လိုအပ်တာတွေတက်ဝယ်ကြတယ်။
ဖွင့်ထားတဲ့ တံခါးနားရွက်တွေက လေအရှိန်ပြင်းတာကြောင့် တဝုန်းဝုန်းဖြစ်နေတာမို့ ဆွဲပိတ်လိုက်တယ် ။ မီးမွှေးဖို့ ကျောက်မီးခြစ်ကိုဆွဲလိုက်တယ် ။
" ကောင်းလိုက်တာ ထင်းရှူးကုန်နေပြီ "
လေရောမိုးရောအပြင်ကမ်းရိုးတန်းမို့ စိမ့်နေအောင်အေးတယ် မီးလင်းဖိုမလုပ်ပဲနေလို့ကတော့ဖြင့် အကြောတွေပါခဲကုန်မှာပင်။