02

4.5K 712 16
                                    


လူမည်းတွေကြား ရိပေါ်ကထင်းနေတာပဲအသက်၂၀ပြည့်လို့ ပြည်ပထွက်ခွင့်လေးအိမ်ကရတာနဲ့ ဦးတည်ရာလျှောက်သွားနေတာပင်။

ဒီကလူတစ်ယောက်နဲ့ခင်ရင်ကောင်းမှာပဲလို့တွေးနေမိပေမဲ့ ရိပေါ်​အနေနဲ့စကားသွားဖို့မဝံ့ရဲအသားညိုမည်းပြီး ကြီးမားတဲ့ကိုယ်ခန္ဓာနဲ့အတူထူထဲတဲ့အမွှေးအမျှင်တွေကမျက်နှာမှာဖုံးအုပ်နေတဲ့လူတွေကို ရိပေါ်နည်းနည်းတော့လန့်တယ် ဆိုတာဝန်ခံရမယ် ။

မျက်စိရှေ့ကလူကိုရိပေါ်ပြန်ကြည့်လိုက်တယ်နည်းနည်းလောက်​တောင်းဆိုလိုက်ရင်သူကဒီအထည်ကိုပေးမှာပါ  ။

" ခင်ဗျားကို ဝယ်ပေးတာ "

သူကမ်းပေးတဲ့အစိမ်းရောင်နုအထည်လေးကိုတစ်ချက်သာကြည့်ပြီး သူ့ကိုကျော်တက်သွားပြန်တယ်  ။ ကင်မရာကိုလည်တိုင်မှာဆွဲထားတဲ့ရိပေါ်နဲ့ထိုပုံစံက နည်းနည်းတော့ဗရုတ်ကျတယ်ပြောရမယ်။

" ကျတော် ကဒီကိုရောက်ဖူးတာ အခုမှ ဒါကြောင့် မို့  ကူညီပါအုံး "

" ဆက်လိုက်လာရင် မင်းကို ရိုက်သတ်ပြီး ပင်လယ်ထဲမြောပြစ်လိုက်မယ်!"

ခပ်ရှရှစကားသံရိပေါ်တစ်ကိုယ်လုံးမွှေးညင်းတွေထောင်လာစေတယ် ။ လေသံကိုနားထောင်ရတာနဲ့တကယ်လုပ်မဲ့ပုံပေါ်တာမို့ သူဆက်မစရဲတော့ ဘာကြောင့် လည်းဆို မရင်းနှီးတဲ့နိုင်ငံမို့ သူ့​အနေနဲ့ဆင်ခြင်ရမယ်ဆိုတာကိုကောင်းကောင်းကြီးသိတာမို့  ။

" တကယ်ပဲ  မသိလို့ပါဆို "

သိမ်ပြီးတိုးလျတဲ့ ခွန်းတုံ့ပြန်သံကို ဂိုလ်းကြားလိုက်ရပြန်တယ် ဂုတ်ကနေဆွဲပြီး အထပ်မြင့်တည်းခိုခန်းရှေ့ တွန်းပို့လိုက်တယ် ။

" နေအဲ့မှာ "

ထပ်ပြီးကမ်းပေးတဲ့အထည်စကိုဂိုလ်းမယူလာဖြစ်ဘူး ဒါပေးလို့ ဒါရတယ် ဆိုတဲ့ စကားကိုသူမုန်းတယ် ။ ပေးလိုက်လို့ ပြန်ရတာမျိုးကိုလည်းသူမုန်းတယ်  ဘယ်သူ့ကိုမှဘာမှမပေးချင်သလို ဘာမှလည်း မလိုချင်တော့  တစ်ချို့သောပြန်လည်ပေးဆပ်ခြင်းတွေက ရတာထက်ပိုကြီးမားသည်မို့ ။ 

The Golden ||Complete ||Where stories live. Discover now