11

3.4K 662 20
                                    


ဘန်း!

ဂိုးအပေါ်ဘားထိပြီး ကျော်တက်သွားတဲ့ဘောလုံးကိုကန်တဲ့သူဟာ ရိပေါ်သာဖြစ်တယ် ။ ခေါင်းကိုကုတ်လိုက်ရင်း နည်းပြကိုမျက်နှာချိုသွေးလိုက်တော့ သတိပေးမျက်လုံးတွေနဲ့အကြည့်ခံလိုက်ရတယ်။

အတွေးထဲ ရေဝဲယက်လို သူ့ကိုနစ်မြုတ်စေတဲ့မျက်ဝန်းညိုတွေပဲတမ်းတမိလို့ လွတ်ရာပြေးချင်မိတယ် ကြာရင် ချစ်စိတ် လွမ်းစိတ်နဲ့ရိပေါ်ရူးလိမ့်မယ် ။

" ရိပေါ်  လေ့ကျင့်ရေးဆင်းရင် ငါ့အဒေါ် လူနာသွားကြည့်မို့လိုက်ခဲ့ပေးအုံး "

သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်ရင်းရှောင်းပိုင်ကပြောတယ် ။ အဖိုးတန်လှတဲ့သူ့ခြေတံဟာရှောင်းပိုင်ရဲ့ခေါင်းအုံးကြီးကိုဖြစ်လို့ ။

"  အိပ်ပျော်သွားရင်တော့မသိဘူး "

                            ××××××

လူနာrecord တွေနဲ့ရှုပ်နေတဲ့ ရှုယွီကသက်ပြင်းချလိုက်တယ် ။ ဒီဆေးရုံမှာ အလုပ်သင်သက်တမ်းနဲ့ဆို သူနေတာ ငါးနှစ်ရှိပြီ လွန်ခဲ့တဲ့နှနှစ်ကျော်ကျော်လောက်က တည်းက သူနဲ့တွဲမဲ့  အဆင်ပြေတဲ့ပါတနာရယ် ရှိမလာခဲ့ဘူး။

အလုပ်သင်ဆိုပြီး မသိတာလိုလို မလုပ်ရဲတာလိုလိုနဲ့ ယခုခေတ်ဆရာဝန်ပေါက်စလေးတွေကသူ့တို့တုန်းကနဲ့ကွာခြားတယ် ။

သူတို့တုန်းကဆို တစ်နေ့၂၀၀ကျော်တဲ့လူနာတွေကို ထမင်းစားချိန်မဲ့ စစ်ပွဲ​မှာပြေးသလို ဝရုန်းသုန်းကား ဆေးထိုးအပ်ကို ဇွတ် ခနဲ ဇွတ်ခနဲ ထိုးခဲ့ကြရတာ ။

လူနာတွေနာလို့အော်ရင် စီနီယာတွေကပြေးလာပြီး လူနာတစ်လှည့် ကိုယ့်တစ်လှည့်ဟောက်ပြီး ပြောဆိုဆုံးမကြတယ် ။ တွေးကြည့်ရင်အဲ့အချိန်ကိုပြန်ရောက်ချင်သလို မရောက်လည်းမရောက်ချင် ။

ဒီအကြောင်းတွေတွေးမိတော့ ညစ်ပတ်အိုးဆိုပြီး စနောက်တက်တဲ့ အပြုံးနုလေး ကိုလွမ်းလာရပြန်တယ် ။  တကယ်တော့ သူငယ်ချင်းဆိုတာ ငှက်တစ်ကောင်နဲ့အတောင်လိုပဲ တစ်ပြန်ဆီ အားကိုးနေရခြင်းပဲ ။

    "  ဘာတွေအဲ့​လောက်တွေးနေတုန်း ညစ်ပတ်အိုးမ!  "

" ငကျန့်ရားး   နေစမ်း  အမ်! !! "

The Golden ||Complete ||Where stories live. Discover now