ကမာခွံတွေအမြောက်အမြားမှာ အပြာနုနုအခွံလေးကိုရိပေါ်က အတော်လေးသဘောခွေ့နေရှာတယ်။ ဖိနပ်မပါပဲသဲပူပူတွေပေါ် နင်းလျှောက်သွားနေရပေမဲ့ လှိုင်းသံတွေလား သူ့အသက်ရူသံတွေလား ဝေခွဲရင်း နှလုံးသားထဲ ပျော်ရွှင်ခြင်းတွေပြည့်နှက်နေရတယ်။
အမှတ်မထင်ငေးမောရတဲ့မျက်ဝန်းညိုတွေဟာခုန်ချချင်စရာချောက်ကမ်းပါး ။ ဖြစ်နိုင်ရင် သူ့လက်မောင်းတွေကြား ခုန်ဝင်ပြီး ရှိရှိသမျှအရာအားလုံးကိုစတေးပြစ်ချင်တယ်။
" ခင်ဗျားကိုပေးမယ် ရော့! "
လက်ဖွေးဖွေးနဲ့အတူသူ့မျက်စိရှေ့ရောက်လာတဲ့ အပြာနုရောင်ကမာခွံလေးကိုဂိုလ်းကတစ်ချက်ကြည့်လိုက်တယ် ။
" ငါလိုချင်ရင် ဒီထက်လှတာတွေ ပုံအောနေတာပဲ လက်ဆောင်ဆိုတာကြီးငါမကြိုက်လွန်းလို့! "
" လက်ဆောင်မဟုတ်ဘူး အမှတ်သား "
ဂိုလ်းရဲ့ ညှို့မှိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ရိပေါ်ခဏ ဆုံဆည်းမိတယ် ။ ဒီစက္ကန့်ပြီးနောက်စက္ကန့်မှာ မျက်တောင် ဘယ်နှချက်ခပ်လည်း ရေတွက်မိတယ် ။
" အမှတ်အသား? "" ခင်ဗျားဆီထပ်လာချင်သေးသလို ခင်ဗျားကလည်းကျတော့်ကိုမျှော်နေစေချင်သေးတယ် "
ကြယ်စင်တွေခူးစွပ်ပြီး ထည့်သိမ်းထားတဲ့ဖန်ပုလင်းလေးလို မျက်ဝန်းတွေ ။ တောင်စွန်ဖျားလေးပေါ်က နားခိုစရာ တောင်မို့သဖွယ်နှာလုံးလေး ။
အမှတ်အသားဆိုတဲ့စကားမှာ ဂိုလ်းအတွက်တော့ ဒီအရာလေးတွေကအသုံးတော့ဝင်သား။
အပြာနုရောင် ကမာခွံလေးဟာ ဖာထေးရာနဲ့ဘယ်ဘက်အိတ်ကပ်ထဲ သိမ်းဆည်းခံလိုက်ရတယ် ...။
×××××
ပွက်ပွက်ဆူနေတဲ့ ဆန်ပြုတ်အိုးထဲ အမည်းရောင်ခရုခွံတွေ ဝေါ ခနဲ သွန်ချပြီး အမွှေးကြိုက်မှုန့်နဲ့ ဟင်းချိုမှုန့် တွေကွမ်းကပစ်ထည့်လိုက်တယ် ။
" နောက် နှစ်ပွက်လောက်ဆို ချ လို့ရပြီ "
" ရှောင်းကျန့် ဆိုတာဘယ်သူလည်းအဖွား"