အဖိုးဝီက မာတင်ငါးကြီးဖမ်းမိလာလို့ပြုံးပျော်နေတယ် ကြီးမားတဲ့ငါးကြီးကို တအံ့တသြငေးမောနေတဲ့ တရုတ်လေးကလည်းဘေးမှာရှိနေပြန်တယ် ။
အဖိုးဝီက ဟန်ပန်အပြည့်နဲ့ ရှင်းပြနေတာကို ရိပေါ်ကတအံ့တသြလိုက်နားထောင်နေတယ် ။ အဖိုးဝီက အသက်၆၀ ကျော်အရွယ်ဆိုပေမဲ့ကိုယ်လုံးတောင့်တောင့် အသားမည်းမည်း မုတ်ဆိတ်မွှေးထူထူနဲ့ စကားပေါတဲ့အာဖရိကလူမျိုးဖြစ်တယ် ။ နေပူစပ်ခါး မှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့တာမို့ သူ့မျက်နှာပေါ်မှာ ကင်ဆာကွက်လို့ကင်ပွန်းတပ်ခေါ်တဲ့ ပြင်းထန်တဲ့နေလောင်ကွက်ကြီးတွေကလည်းရှိနေပြန်တယ် ။
တစ်နေ့ဂိုလ်းလည်း အဖိုးဝီလိုဖြစ်လာမှာပဲ မသေချာတာကတော့ အဖိုးဝီလိုရွှင်ပြ ပြီး ခင်မင်တွယ်တာစိတ်ကြွယ်တဲ့ လူဖြစ်ဖို့ပါပဲ ။
×××××××
စက်တင်ဘာလ မို့ အေးစက်နေတယ် ။ မြောက်ဘက်လာတဲ့ လေနဲ့အတူပါလာတဲ့တောင်တန်းပင်လယ်နံ့ဟာ ခပ်သင်းသင်းလေး မိုးလင်းရင် နှင်းခါးရိုက်ထားတဲ့ သစ်ပင်တိုတိုစိမ်းစိမ်းတွေက မြောက်လေအဝှေ့မှာယိမ်းထိုးနေတယ် ။
" ဒီနေ့ အရမ်းအေးတယ် ခင်ဗျား နေလုံးဝင့်မှပင်လယ်ဆီသွားပါလား "
မှိန်းတွေပြင်ဆင်နေတဲ့ဂိုလ်းက မင်းအပူမပါဘူးဆိုတဲ့ အကြည့်နဲ့လှမ်းကြည့်တယ် ။ ရိပေါ်သည့်ထက်ပိုပြီးအထွန့်မတက်ရဲပါဘူး ပထမတစ်ခါ ရေခဲရိုက်သလိုဖြစ်ထားတဲ့ အတွေ့ကြုံကိုသူမမေ့သေး ။
ဖာထေးရာတွေမွနေတဲ့ ရွက်တိုင်ကိုထမ်းပြီး မှိန်းနဲ့မှိန်းကြိုး ပြီးတော့တင်းပုတ်တွေထည့်ထားတဲ့တောင်းကို တစ်ဖက်ကဆွဲလို့ ဂိုလ်းက အနည်းငယ်မက်စောင်းနေတဲ့ မြေလမ်းလေးအတိုင်း ထွက်သွားတယ် ။
ရိပေါ်ကို လှည့်တောင်မကြည့်ခဲ့ပါဘူး။ ဘာတွေများမျှော်ကိုးမိသလဲတွေးမိလိုက်တော့ရိပေါ် က ခပ်လေးလေးရယ်မိလိုက်တယ် ။
တွေ့တာတစ်ပတ် ခင်မင်တာတစ်စက်မှမရှိတဲ့လူတစ်ယောက်ဆီက Attention ရယူလိုမှုဟာ ဟာသဆန်တာထက်ကိုပိုရယ်ရပါတယ်.. ။
ကျောခိုင်းသွားတဲ့လူတစ်ယောက် နဲ့ ထိုကျောပြင်ကိုကြည့်နေရတဲ့လူတစ်ယောက် ဘယ်သူဟာ ပိုပြီးအထီးကျန်ဆန်သလဲ ပဟေဠိမှာ ရိပေါ် ချာချာလည်နေခဲ့မိတယ် ။
×××××××
Zawgyi Version
အဖိုးဝီက မာတင္ငါးႀကီးဖမ္းမိလာလို႔ၿပဳံးေပ်ာ္ေနတယ္ ႀကီးမားတဲ့ငါးႀကီးကို တအံ့တၾသေငးေမာေနတဲ့ တ႐ုတ္ေလးကလည္းေဘးမွာရွိေနျပန္တယ္ ။
အဖိုးဝီက ဟန္ပန္အျပည့္နဲ႕ ရွင္းျပေနတာကို ရိေပၚကတအံ့တၾသလိုက္နားေထာင္ေနတယ္ ။ အဖိုးဝီက အသက္၆၀ ေက်ာ္အ႐ြယ္ဆိုေပမဲ့ကိုယ္လုံးေတာင့္ေတာင့္ အသားမည္းမည္း မုတ္ဆိတ္ေမႊးထူထူနဲ႕ စကားေပါတဲ့အာဖရိကလူမ်ိဳးျဖစ္တယ္ ။ ေနပူစပ္ခါး မွာ ႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့တာမို႔ သူ႕မ်က္ႏွာေပၚမွာ ကင္ဆာကြက္လို႔ကင္ပြန္းတပ္ေခၚတဲ့ ျပင္းထန္တဲ့ေနေလာင္ကြက္ႀကီးေတြကလည္းရွိေနျပန္တယ္ ။
တစ္ေန႕ဂိုလ္းလည္း အဖိုးဝီလိုျဖစ္လာမွာပဲ မေသခ်ာတာကေတာ့ အဖိုးဝီလို႐ႊင္ျပ ၿပီး ခင္မင္တြယ္တာစိတ္ႂကြယ္တဲ့ လူျဖစ္ဖို႔ပါပဲ ။
×××××××
စက္တင္ဘာလ မို႔ ေအးစက္ေနတယ္ ။ ေျမာက္ဘက္လာတဲ့ ေလနဲ႕အတူပါလာတဲ့ေတာင္တန္းပင္လယ္နံ႕ဟာ ခပ္သင္းသင္းေလး မိုးလင္းရင္ ႏွင္းခါးရိုက္ထားတဲ့ သစ္ပင္တိုတိုစိမ္းစိမ္းေတြက ေျမာက္ေလအေဝွ႕မွာယိမ္းထိုးေနတယ္ ။
" ဒီေန႕ အရမ္းေအးတယ္ ခင္ဗ်ား ေနလုံးဝင့္မွပင္လယ္ဆီသြားပါလား "
မွိန္းေတြျပင္ဆင္ေနတဲ့ဂိုလ္းက မင္းအပူမပါဘူးဆိုတဲ့ အၾကည့္နဲ႕လွမ္းၾကည့္တယ္ ။ ရိေပၚသည့္ထက္ပိုၿပီးအထြန့္မတက္ရဲပါဘူး ပထမတစ္ခါ ေရခဲရိုက္သလိုျဖစ္ထားတဲ့ အေတြ႕ႀကဳံကိုသူမေမ့ေသး ။
ဖာေထးရာေတြမြေနတဲ့ ႐ြက္တိုင္ကိုထမ္းၿပီး မွိန္းနဲ႕မွိန္းႀကိဳး ၿပီးေတာ့တင္းပုတ္ေတြထည့္ထားတဲ့ေတာင္းကို တစ္ဖက္ကဆြဲလို႔ ဂိုလ္းက အနည္းငယ္မက္ေစာင္းေနတဲ့ ေျမလမ္းေလးအတိုင္း ထြက္သြားတယ္ ။
ရိေပၚကို လွည့္ေတာင္မၾကည့္ခဲ့ပါဘူး။ ဘာေတြမ်ားေမွ်ာ္ကိုးမိသလဲေတြးမိလိုက္ေတာ့ရိေပၚ က ခပ္ေလးေလးရယ္မိလိုက္တယ္ ။
ေတြ႕တာတစ္ပတ္ ခင္မင္တာတစ္စက္မွမရွိတဲ့လူတစ္ေယာက္ဆီက Attention ရယူလိုမႈဟာ ဟာသဆန္တာထက္ကိုပိုရယ္ရပါတယ္.. ။
ေက်ာခိုင္းသြားတဲ့လူတစ္ေယာက္ နဲ႕ ထိုေက်ာျပင္ကိုၾကည့္ေနရတဲ့လူတစ္ေယာက္ ဘယ္သူဟာ ပိုၿပီးအထီးက်န္ဆန္သလဲ ပေဟဠိမွာ ရိေပၚ ခ်ာခ်ာလည္ေနခဲ့မိတယ္ ။
×××××××